၇၈၆။ တိုက်ပွဲ စတင်ခြင်း (၁)

374 38 0
                                    

၇၈၆။ တိုက်ပွဲ စတင်ခြင်း (၁)

ရက်အနည်းငယ် ကြာပြီးနောက် လူထောင်ပေါင်းများစွာ စိတ်ဝင်တစား မျှော်လင့်စောင့်စားခဲ့ရသည့် လိပ်ပြာတိုက်ပွဲကို တရားဝင် ဖွင့်လှစ်ကြောင်း ကြေညာလိုက်သည်။ တိုက်ပွဲ စတင်သည့် ပထမနေ့မှာ ‌ကျောင်းတော်အသီးသီးမှ တပည့်များကို နေရာဆယ်ခုသို့ အသီးသီး ခွဲပေးလိုက်သည်။ ကျောင်းတော်အသီးသီးမှ တပည့်တစ်ယောက်စီတိုင်း အသီးသီးသော ပြိုင်ပွဲကျင်းပရာနေရာမှာ မိမိတို့ ကျောင်းအတွက် ကိုယ်စားပြု ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပြိုင်ပွဲကွင်းပြင် တစ်ခုစီမှ အပြည့်အဝ အနိုင်ရရှိသူများက ထိပ်တန်း ဆယ်နေရာအတွက် တိုက်ခိုက်ရမည် ဖြစ်သည်။

နောက်ဆုံး ကျန်ရှိသည့် ဆယ်ယောက်က ဆယ်နေရာအတွက် အဆင့်ကို ယှဉ်ပြိုင်ကြရမည်။

တက်သစ်စ လူငယ်များ၏ နှလုံးသားများက အလွန်ပင် စိတ်အားထက်သန်နေကြသည်။ သူတို့၏ စွမ်းရည်များကို လူတိုင်း မြင်အောင် ပြသချင်နေကြသဖြင့် သူတို့ လက်သီးများ တပြင်ပြင် ဖြစ်နေကြသည်။

ကျောင်းတော်တစ်ခုစီမှ တပည့်တစ်ယောက်စီတိုင်းက ပြိုင်ပွဲကွင်းပြင်တစ်ခုစီသို့ သွားရောက်ကြရသည်။ လေညင်းကျောင်းတော်က ချွင်းချက် ဖြစ်နေသည်။ သူတို့မှာ ပြိုင်ပွဲဝင် ခြောက်ယောက်သာ ရှိသဖြင့် ပြိုင်ပွဲကွင်းပြင် ခြောက်ခုသို့သာ သွားကြရသည်။

ဒီလို အခြေအနေမျိုးက ပြိုင်ပွဲကျင်းပသည့် သမိုင်းတောက်လျှောက် မြင်ရခဲသည့် ဖြစ်ရပ် ဖြစ်သည်။

ကျောင်းတော်တိုင်းက သူတို့ ရရှိထားသော ဆယ်နေရာကို တစ်နေရာမျှ လက်လွှတ်မခံကြချေ။ ထို့ကြောင့်ပင် လေညင်းကျောင်းတော်က ပြိုင်ပွဲ မစတင်သေးခင်မှာပင် လူတိုင်းအား ဆွဲဆောင်သွားလေ၏။

ပထမနေ့ မနက်စောစောမှာ, ဂျန်ဝုရှီက လေညင်းကျောင်းတော် ဝတ်စုံကို ဝတ်ဆင်၍ သူမအတွက် သတ်မှတ်ထားသော ပြိုင်ပွဲဝင်နံပါတ် တပ်ဆင်ထားသော တံဆိပ်ကို ရင်ဘတ်ရှေ့မှာ ဆွဲချိတ်၍ သူမပြိုင်ပွဲဝင်ရမည့် ကွင်းပြင်သို့ သွားလေ၏။ ဟွာယောင်းတို့လည်း သူတို့ ပြိုင်ပွဲဝင်ရမည့် ကွင်းပြင်များသို့ အသီးသီး လူစုခွဲ၍ သွားကြသည်။ ပြိုင်ပွဲဝင်သူများက များပြားလွန်းသဖြင့် မည်သည့် တိုက်ပွဲကွင်းပြင်ကမျှ ထိုမျှလောက် လူအများကြီး မဝင်ဆံ့ပေ။ ထို့ကြောင့် ဆယ်နေရာခွဲ၍ ကျင်းပရခြင်း ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ