၇၅၀။ ရန်တိုင်းပြည် (၁)

460 45 1
                                    

၇၅၀။ ရန်တိုင်းပြည် (၁)

ရန်တိုင်းပြည်၏ ဘုရင့်နေပြည်တော်က နှစ်အစမှာ အမြဲတမ်း အလုပ်ရှုပ်စမြဲ ဖြစ်သည်။ ထိုအချိန်မှာ ကျောင်းတော်များအကြား ကြီးကျယ်ခမ်းနားသော လိပ်ပြာတိုက်ပွဲ တံခွန်စိုက်ပြိုင်ပွဲကို ဦးစီးကျင်းပပေးသောကြောင့် ဖြစ်သည်။ ကျောင်းပေါင်းတစ်ရာကျော်မှ လက်ရွေးစင် ကျောင်းသားများက လိပ်ပြာတိုက်ပွဲတွင် အဆင့်ဝင်စေဖို့ ထိုနေရာကို ပြည့်ကျပ်သွားအောင် စုရုံး ရောက်ရှိလာကြသည်။

နှစ်စဉ်နှစ်တိုင်း လိပ်ပြာတိုက်ပွဲတွင် အဆင့်တစ်ဆယ်အတွင်း ဝင်ရောက်သူများက သူတို့ဘဝမှာ အသစ်စက်စက် အထွတ်အထိပ်ကို သူတို့ကိုယ်တိုင် ရှာဖွေကြမည် ဖြစ်သည်။ ဂုဏ်သတင်းကျော်ကြားလိုသော လူငယ်များက သူတို့၏ အကောင်းဆုံးစွမ်းရည်များကို ပြသဖို့ လိုအပ်သည်။ သို့မှသာ သူတို့၏ ကြီးမားကျယ်ပြန့်သော စိတ်ကူးယဉ်တာထက် ပိုလွန်သော အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ရရှိကြမည် ဖြစ်သည်။

ငယ်ရွယ်စဉ်မှာ နာမည်ကျော်ကြားဖို့ လူငယ်အားလုံးနှင့် ရွှင်မြူးတက်ကြွသော လုလင်ပျိုများကို ဆွဲဆောင်ရန် သူတို့ ဟန်ဆောင်ပန်ဆောင်ပင် အောင့်အည်းမနေနိုင်ကြတော့ပေ။

တိုက်ပွဲစင်မြင့်ကို အိမ်ရှင်အဖြစ် စီမံပေးသော ရန်တိုင်းပြည်အနေဖြင့် ကျောင်းတော်အားလုံးကို အကောင်းဆုံးပတ်ဝန်းကျင်မှာ အမြဲတမ်း နေရာချပေးသည်။ ကျောင်းသားများအား လိပ်ပြာတိုက်ပွဲတွင် သူတို့၏ အကောင်းဆုံးများကို ထုတ်ပြဖို့ ခွင့်ပြုခြင်း ဖြစ်သည်။

အင်အားတောင့်တင်းပြီး အလွန်ချမ်းသာကြွယ်ဝသော တိုင်းပြည်တစ်ခုအနေဖြင့် လိပ်ပြာတိုက်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခြင်းဖြင့် နှစ်တိုင်း လိပ်ပြာတိုက်ပွဲတွင် အောင်မြင်သူများနှင့် ချိတ်ဆက်ဖို့ ပထမဦးစားပေးနေရာမှာ ရှိနေခဲ့သည်။ နှစ်တိုင်းနီးပါး, လိပ်ပြာတိုက်ပွဲတွင် အဆင့်တစ်ဆယ်အတွင်း ဝင်ရောက်သူများမှ ထက်ဝက်လောက်ကို ရန်တိုင်းပြည်က သိမ်းသွင်းသွားခဲ့သည်။

လူငယ်များက စံထားလောက်သော စွမ်းရည်များကို ထုတ်ဖော်ပြသကြရလိမ့်မည်။ လူငယ်များ၏ စွမ်းအားများက အပြည့်အဝ မရင့်ကျက်သေးသော်လည်း, သူတို့၏ ထူးခြားသော ပါရမီက အိပ်စက်အနားယူနေလျှင်တောင် ထင်းနေလိမ့်မည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now