၈၂၂။ သေဖို့ မတောင်းဆိုနဲ့ (၅)
ဒါဆို ဒီကိစ္စပေါ့၊ သခင်လေး ဂျန်, စိတ်ချလက်ချသာ နေပါ၊ မနက်ဖြန် ပြိုင်ပွဲအတွက် ငါ တကယ့်ကို လှည့်တောင် မလာပါဘူး၊ သခင်လေး ဂျန် နောက်တစ်ကျော့ကို ဆက်တက်သွားလို့ ရပါတယ်။ ဇောင်းရွှမ် စိတ်အေးစ ပြုလာသည်။ သူ မြင်ရသလောက်ဆိုလျှင်, ဂျန်ရှီက သူ့အတွက် ဒီလောက် အမြတ်ထွက်မည့်ကိစ္စ ကမ်းလှမ်းလာတာကို ပယ်ချလိမ့်မည် မဟုတ်ပေ။
သခင်ကြီးက သူ့ကို လက်လွှတ်လိုက်ဖို့ လက်ခံယုံကြည်စေနိုင်သူ ဖြစ်သော်လည်း, ဂျန်ရှီက မထိခိုက်မနစ်နာဘဲ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မှာကို သိသွားလျှင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားမည် မဟုတ်လော။ အိမ်ရှေ့စံက သူ့အတွက် အရာရာ စီမံပေးနေသော လူတစ်ယောက်ဟူ၍ ဂျန်ရှီ သိထားရမည်။ သို့သော် သူက ကိုယ်တိုင်ကိုယ်ကျ လာ၍ မနက်ဖြန်တိုက်ပွဲမှာ သူ့ပြိုင်ဘက်ကို ကိုယ်ထင်ပြမှာလားဟူ၍ မေးနေသည်။
အိုး, အဲလိုလား ဂျန်ဝုရှီ မျက်ခုံးပင့်မိသွားသည်။
ဇောင်းရွှမ်က ရယ်မော၍ ဆက်ပြောသည် ဒါက အိမ်ရှေ့စံရဲ့ အလိုဆန္ဒဖြစ်လို့ သခင်လေးဂျန် ဒါကို ပျူပျူငှာငှာနဲ့ လက်ခံဖို့ ငါ တောင်းပန်ရလိမ့်မယ်။ သခင်ကြီးက သူ့အား ညွှန်ကြားထားခဲ့သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကိစ္စအားလုံးကို စီမံပေးသူက အိမ်ရှေ့စံဟူ၍သာ ပြောရမည် ဆိုသည့် အကြောင်းကို ဖြစ်သည်။ ၎င်းညွှန်ကြားချက်ကို သူ မည်သို့ မေ့ရဲမည်နည်း။
ဒါဆို ဒါကို အိမ်ရှေ့စံက စီမံပေးနေတာလို့ နင် ပြောလိုက်တာပေါ့။ ဂျန်ဝုရှီက လှုပ်ရှားခြင်းမရှိ မေးလိုက်သည်။
ဇောင်းရွှမ် ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့နှလုံးသားထဲက ဂျန်ရှီကို အနည်းငယ် အထင်သေးမိသည်။ ဒီလောက် အသက်ငယ်ငယ်ဖြင့်, ဒီကောင်လေးက လိပ်ပြာတိုက်ပွဲကို တကယ်ပင် ဝင်ပြိုင်ရဲသည်။ ဒီလောက် ကံကောင်းခြင်းနှင့်ပင် သူ တွေ့လိုက်သေးသည်။ ဒီကိစ္စအားလုံးကို မည်သူပင် တာဝန်ခံခံ, ဂျန်ရှီက သန်မာသော ပြိုင်ဘက်များကို ရှောင်ကွင်းသွားနိုင်တာက အမှန်တရားပင်။ သူက အားအင်စိုက်မထုတ်ရဘဲ ပွဲစဉ်များ ရှေ့သို့ တက်ရောက်လာလေ၏။ မယုံကြည်နိုင်လောက်အောင် ကံကောင်းလွန်းသူ ဖြစ်သည်။ ဂျန်ရှီက ဒီ့အတွက် အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသင့်သည်။