၇၈၈။ တိုက်ပွဲ စတင်ခြင်း (၃)

374 38 0
                                    

၇၈၈။ တိုက်ပွဲ စတင်ခြင်း (၃)

ချူလင်းယွဲ့က ချောမော၍ အလွန် ချစ်စရာကောင်းသည်။ သူမ၏ ခန္ဓာကိုယ်ကို အရပ်မြင့်သည်ဟု ဆိုနိုင်သည် မဟုတ်ပေ။ စစ်တံခွန်ကျောင်းတော်၏ လိပ်ပြာတိုက်ပွဲတွင် အဆင့်တစ်ရထားသူက အရမ်း ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့သော မိန်းမပျိုလေးဟူ၍ မည်သူမျှ တွေးထင်မိမည် မဟုတ်ပေ။ ချူလင်းယွဲ့က နွဲ့နွဲ့နှောင်းနှောင်း ပါးပါးလျလျ ဖြစ်သော်လည်း သူမ၏ နောက်ခံကြောင့် သူမအပေါ် မည်သူမျှ ရန်စလိုသော စိတ်မျိုး မထားကြချေ။

ချူလင်းယွဲ့၏ ဖခင်က လက်ရှိ ထောင်ချီသားရဲ မြို့တော်သခင် ဖြစ်သည်။ ထောင်ချီသားရဲမြို့တော် သမိုင်းတွင် ခရမ်းရောင်ဝိညာဉ်စွမ်းအားရှင် နှစ်ဦး ပေါ်ထွက်ဖူးသည်။ လတ်တလော အချိန်တွင် ထောင်ချီသားရဲမြို့တော်မှာ ခရမ်းရောင်ဝိညာဉ်စွမ်းအားရှင် မရှိသော်လည်း, သူတို့၏ စွမ်းအားကို အဆင့်မြင့်မြင့် သတ်မှတ်ထားကြသည်။

ဂျန်ဝုရှီက ချူလင်းယွဲ့နှင့် အရင်တုန်းက မည်သို့မျှ အဆက်အစပ် မရှိခဲ့ဖူးပေ။ အိမ်ရှေ့စံကျင်းပသည့် ညစာစားပွဲ ညမှာပင်လျှင်, ချူလင်းယွဲ့ကို ဖြတ်သွားဖြတ်လာ အနေဖြင့် မျက်စိထောင့်စွန်းမှ ကြည့်ခဲ့ရုံမျှသာ ရှိသည်။ ဘာ့ကြောင့် ချူလင်းယွဲ့က ရန်လိုသော တခြားလူများနှင့် မတူညီစွာ ကြည့်ရသနည်းဟူ၍ ဂျန်ဝုရှီ မတွေးတတ်တော့ပေ။ သူမက တစ်ခုခုကို ရှာဖွေနေတာနှင့်ပင် တူနေသည်။

ဂျန်ဝုရှီ မျက်နှာလွှဲလိုက်သည်။

မကြာခင်မှာပင် မဲနှိုက်တာဝန်ကို ထမ်းဆောင်ရသော လူတစ်ယောက်က ပြိုင်ပွဲ ကွင်းပြင်သို့ လျှောက်လှမ်းလာသည်။ ရှေ့ဆုံးရှိ စားပွဲပေါ်တွင် အလုံပိတ်လုနီးနီး သေတ္တာတစ်လုံးကို တင်ထားသည်။ လက်ဝင်ပေါက် တစ်ခုသာ ပါရှိသည်။ မြူးထူးသောင်းကျန်းနေသော လူငယ်များ ရုတ်တရက် တိတ်ကျသွားသည်။ သူတို့က ၎င်းသေတ္တာကို ကြောက်ရွံ့ဟန်ဖြင့် ကြည့်နေကြသည်။ ၎င်းသေတ္တာထဲရှိ အရာအားလုံးက သူတို့ မည်မျှလောက်အထိ သွားနိုင်မည်နည်းဟု ဆုံးဖြတ်ချချနိုင်ကြောင်း သူတို့ အားလုံး သိထားကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now