၈၈၅။ နန်းတွင်းညစာစားပွဲ(၄)

310 24 1
                                    

၈၈၅။ နန်းတွင်းညစာစားပွဲ(၄)

လေ့ချန်က ထလိုက်သွားရန် တွေးနေစဉ် လေ့ယွမ်က သူ့ဝတ်ရုံစကို ဆောင့်ဆွဲလိုက်သည်။

ဒုတိယညီတော်, မင်း ဘာလုပ်မလို့လဲ လေ့ချန်က လေ့ယွမ်ကို မျက်မှောင်ကြုတ် ကြည့်လျက် မေးသည်။

လေ့ယွမ်က အသံတိုးတိုးဖြင့် ပြောလိုက်သည် ငါ့အကိုတော်က အရမ်း ဉာဏ်ကောင်းတယ်၊ ခမည်းတော် ပြောလိုက်တာကို အကိုတော် သဘောမပေါက်ဘူးလား၊ ခမည်းတော်က စတုတ္ထညီတော်ကို ဂျန်ရှီနဲ့ ပို အဆင်ပြေစေချင်တယ်၊ အကိုတော်က ခမည်းတော်ရဲ့ အလိုဆန္ဒနဲ့ ဆန့်ကျင်ဘက် မလုပ်တာ အကောင်းဆုံးပဲ၊ အကိုတော် လေညင်းကျောင်းတော်နဲ့ ရင်းနှီးတာ ငါ သိပါတယ်၊ စတုတ္ထညီတော်အတွက် ဂျန်ရှီတစ်ယောက်တည်းကို စွန့်လွှတ်လိုက်ရင်တောင်, အကိုတော်မှာ တခြားလူတွေ ကျန်သေးတယ် မဟုတ်ဘူးလား။

လေ့ယွမ်က ဂျန်ရှီ၏ စွမ်းအားကို အရင်တုန်းက မျက်မြင် တွေ့ခဲ့ဖူးသည်။ သို့သော် ဘုရင်ကြီးက ဂျန်ရှီနှင့် လေ့ဖန်ကို ပို၍ အဆင်ပြေစေချင်ကြောင်းကို ထုတ်‌ဖော်ပြောထားသည်။ သူတို့ ခမည်းတော်ကို ဒီလောက်ဆို အလိုက်သိဖို့ လုံလောက်နေပြီ မဟုတ်လော။

လေ့ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူက အရမ်း စိတ်ပျံ့လွင့်နေသော ဘုရင်ကြီးကို လှည့်ကြည့်လိုက်သည်။ ထိုအခိုက်မှာ ဘုရင်ကြီး၏ အကြည့်က တိုက်တိုက်ဆိုင်ဆိုင် ဂျန်ရှီအပေါ်သို့ ရောက်ရှိသွားသည်။ လေ့ချန်က ခဏလောက် စဉ်းစားလိုက်ပြီး သူ၏ မူရင်းအကြံအစည်ကို လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်ပြီး သူ့ထိုင်ခုံမှာ ပြန်ထိုင်၍ သုန်သုန်မှုန်မှုန်ဖြင့် သေရည်ကိုသာ သောက်နေတော့သည်။

လေ့ဖန်က ဂျန်ရှီ့ဘေးသို့ သွားရပ်၍ အပြုံးဖြင့် ပြောလာသည် ကနေ့ ညစာစားပွဲက ပျော်စရာကောင်းတယ်လို့ ဂျန်ရှီ မထင်ဘူးလား။

ဂျန်ဝုရှီက တိတ်ဆိတ်စွာသာ နေသည်။ စကားတစ်ခွန်းမျှ ပြန်ပြောပေ။

လေ့ဖန်က ဂျန်ရှီ၏ အေးစက်စက်နှင့် အဖက်မတန်သလို အပြုအမူနှင့် နေသားကျသလို ဖြစ်နေပြီး တကယ်လည်း စတ်ထဲ ထည့်မတွက်ပေ။

ပါရမီရှင်သမားတော်(၂)Où les histoires vivent. Découvrez maintenant