၉၀၆။ နန်းစောင့်တပ်(၃)
ဖန်ဇို၏ ဆိုလိုရင်းက ရှင်းလင်းသည်။ လောလောဆယ်မှာ မီးတိုင်းပြည်နှင့် ဗြောင်ကျကျ ရင်ဆိုင်ဖို့ သူတို့မှာ ရည်ရွယ်ချက် အပြည့်အဝ ရှိသော်လည်း, ဒီလောက် လူအများကြီးရှေ့တွင် မီးတိုင်းပြည်၏ နန်းစောင့်တပ်များကို အာခံဖီဆန်ဖို့ မစွမ်းသာကြချေ။
ထို့ပြင် မြေပုံကိုလည်း သူတို့ မရရှိကြသေးချေ။ သူတို့ အခု နန်းစောင့်တပ်များနှင့် တိုက်ခိုက်လျှင်, နောက်နောင် နန်းတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး မြေပုံကို အရယူဖို့ အခွင့်အရေးသော်၎င်း, ဖြစ်နိုင်ချေကိုသော်၎င်း ပျောက်ပျက်သွားစေလိမ့်မည်။
ငါ နားလည်ပြီ ဂျန်ဝုရှီက အသာအယာ ခေါင်းညိတ်လိုက်သည်။ သို့သော် သူမမျက်လုံးများက အေးစက်စက် လင်းလက်သွားသည်။
သားအဖ နှစ်ယောက်လုံးက အချိန်မဆိုင်းဘဲ ရှေ့ဆင့် နောက်ဆင့် သူမကို လာရှာခဲ့ကြသည်။ သူတို့၏ စိတ်ထားချင်း တူညီနေတာကို တကယ်ပင် ပြသခဲ့ကြသည်။ သို့သော်ငြား သူမက ယီးတီးယားတား လွယ်လွယ် လုပ်လို့ ရသူ မဟုတ်ပေ။ သူတို့၏ ဟန်ဆောင်မျက်နှာဖုံးကို ခွာချဖို့ သူတို့ အသင့်ပင် ဖြစ်သွားကြသည်။ ဒီ့အတွက် သူမက လက်ဆောင် ပြန်ပေးဖို့ သူ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမည်ပေါ့။
နင်တို့အားလုံး သူတို့နဲ့ တိုက်ရိုက်ကြီး မရင်ဆိုင်ကြနဲ့ ဂျန်ဝုရှီက သူတို့ကို ထပ်မံ သတိပေး၍ လှည့်ထွက်သွားသည်။
ကျောက်ချူတို့က ထွက်ခွာသွားသော ဂျန်ဝုရှီ၏ ကျောပြင်ကို ကြည့်လိုက်ကြသည်။ ထို့နောက် ထာဝရအမိုးခုံး တည်းခိုအိမ်သို့ ဝင်ရောက်လာကြသော နန်းစောင့်တပ်သားများကို ပြန်လှည့်ကြည့်လိုက်ကြသည်။ သူတို့ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အငွေ့များ လင်းလက်လာကြသည်။
သူတို့က မီးတိုင်းပြည်တွင် မည်သည့် မတော်တဆမှုကိုမျှ ပါဝင်ပတ်သက်ဖို့ မလိုလားကြချေ။ သို့သော် မီးတိုင်းပြည်၏ ဘုရင်ကြီးနှင့် မင်းသားက သူတို့၏ လှုပ်ရှားမှုကို လွန်လွန်ကျူးကျူး လုပ်ဆောင်လာကြလိမ့်မည်။ သူတို့ကို ရက်နည်းနည်းလောက် အသာစီး ပေးထားလိုက်ကြတာပ။ ပြီးလျှင် တင်ရှိထားသော အကြွေးကို အကြွင်းအကျန်မရှိ ပြန်လည် ပေးဆပ်ကြရမည်။
