၆၈၇။ တုန်လှုပ်ဖွယ် အပြောင်းအလဲ (၃)
လေညင်းကျောင်းတော်က ထုံးစံအတိုင်း ငြိမ်သက်အေးချမ်းနေသည်။ ဘာမှ မဖြစ်ထားသလိုပင်။
ကျောင်းဝိုင်းတွင် အနားယူနေကြသော ကျောင်းသားများကို နေရာအနှံ့ တွေ့မြင်နိုင်သည်။ သူတို့က သုံးယောက်တစ်စု ငါးယောက်တစ်စု စသည်ဖြင့် စုရုံးလျက် ရယ်မောပျော်ရွှင်စွာ အချိန်ဖြုန်းနေကြသည်။
ဂျန်ဝုရှီ ကျောင်းတော်သို့ လျှောက်လှမ်းဝင်လာချိန်မှာ, တခြားသူများက သူမကို သတိပင် မပြုမိကြချေ။ သူမက လမ်းမကြီးအတိုင်း ဖြတ်ကျော်လာပြီး တစ်ဖက်တွင် ရှိသော ဝါးတောအုပ်လေးသို့ ရှေးရှူသွားသည်။
သူမ အတွင်းသို့ ဝင်ရောက်ခါနီးမှာ ရုတ်တရက် အံ့အားတသင့် ကျယ်လောင်စွာ ပြောသံ သူမနောက်မှ ထွက်ပေါ်လာသည်။
ဂျန်ရှီလား, မင်း ဂျန်ရှီလား
ဂျန်ဝုရှီက လှည့်ကြည့်လိုက်သည်။ ထိုလူငယ်က ဝိညာဉ်ကုစားဌာန တံဆိပ်ပြားကို လည်ပင်းမှာ ချိတ်ဆွဲထားသော လူငယ် ဖြစ်သည်။ သူမက ထိုလူငယ်ကို အမူအရာမပျက် ကြည့်လိုက်သည်။
ထိုလူငယ်က သူ အလွန်စိတ်လှုပ်ရှားသွားတာကို သတိပြုမိပြီး အရှက်ပြေ ပြုံးလိုက်သည်။
ငါ တောင်းပန်ပါတယ်၊ ငါ မင်းကို လန့်သွားစေတာ ဖြစ်မယ်၊ ငါက ဝိညာဉ်ကုစားဌာနက တပည့်တစ်ယောက်ပါ၊ မင်းကို ဒီလောက်အကြာကြီး မမြင်လို့ ရုတ်တရက် မင်း ဒီနေရာမှာ ပေါ်လာတာကို မြင်ပြီး အရမ်း အံ့ဩသွားလို့ပါ။
ဘာများ ထူးခြားနေလို့လဲ ဂျန်ဝုရှီက ချိုချိုသာသာ မေးသည်။
လူငယ်က အခက်တွေ့ဟန်ဖြင့် ခေါင်းကုတ်လျက် ပြောသည် တကယ်တော့ ဘာမှ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်း ဝါးတောအုပ် အိမ်ကို သွားမလို့လား။
ဂျန်ဝုရှီ ခေါင်းညိတ်ပြသည်။
ဒါဆို... ဝါးတောအိမ်လေးကို အတော်ကြာကြာ ဘယ်သူမှ မနေခဲ့ဘူး၊ သန့်ရှင်းရေးလုပ်ဖို့ လူတွေ မလာတာ ရက်အတော်ကြာနေပြီ၊ ဝါးတောအိမ်အစား အိပ်ဆောင်မှာ မင်း မနေသင့်ဘူးလား လူငယ်က မာခေါက်ခေါက်ဖြင့် ပြောသည်။ သူက ဂျန်ဝုရှီနှင့် ပိုမို ရင်းနှီးလိုသည်။ သို့သော် သူ များများစားစား ပြောစရာ ရှာမတွေ့ပေ။ သူ့ခေါင်းထဲ အရင်ဝင်လာတာကိုသာ သူ ပြောလိုက်ခြင်း ဖြစ်သည်။
