၃၅၃။ "ငါ ရောက်လာပြီပဲ - ၂"

773 62 0
                                    

၃၅၃။ “ငါ ရောက်လာပြီပဲ - ၂”

အလင်းတန်းလို ရွေ့လျားလျက်, အရိပ်တစ်ခုက ဖီးနစ်ကျောင်းတော်သို့ လေပြင်းတစ်ခုကို သယ်ဆောင်လာခဲ့သည်။ ဂျန်ဝုယောင်းက ဂျန်ဝုရှီ၏ စွဲကျန်နေသည့် စွမ်းအင်လမ်းကြောင်းအတိုင်း လိုက်လာပြီး ဝန်းအတွင်းသို့ ရောက်ရှိလာသည်။

ဝန်းအတွင်းမှာ မိုးရေထဲတွင် အရပ်မြင့်မြင့် ပုံရိပ်တစ်ခုက စောင့်ဆိုင်းနေသည်။

ဂျန်ဝုယောင်းက သူ့လမ်းကြောင်းတွင် လူတစ်ယောက် ရပ်နေတာကြောင့် မျက်ခုံးတစ်ဖက် ပင့်မိသွားသည်။ ထို့နောက် နှုတ်ခမ်းထောင့်စွန်းများက ရက်စက်စွာ သတ်ဖြတ်လိုစိတ်ကြောင့် ကွေးတက်သွားကြသည်။

ထိုအခိုက်မှာ သူ့မျက်စိရှေ့တွင် မည်သူ ပေါ်လာပေါ်လာ, သေခြင်းနှင့် ရင်ဆိုင်ရလိမ့်မည်။

သို့သော် ခြံဝန်းတွင် ရပ်နေသည့် မုတ်ဆိတ်မွှေးနှင့် လူက ဂျန်ဝုယောင်းကို မြင်လျှင် မိုးကြိုးပစ်ခံရသူလို ဖြစ်သွားသည်။ သူက ကြောက်ရွံ့သွားသဖြင့် မျက်လုံးပြူးသွားပြီး မထိန်းချုပ်နိုင်စွာ တုန်ယင်လာသည်။ ဂျန်ဝုယောင်းက သူ့လက်ကို မြှောက်လိုက်လျှင်, မုတ်ဆိတ်မွှေးနှင့် လူက ရုတ်တရက် ဂျန်ဝုယောင်းရှေ့တွင် ဒူးထောက်ချလိုက်သည်။

“သခင်ကြီး”

ဂျန်ဝုယောင်းက မျက်မှောင်ကြုတ်လိုက်သည် “မင်း ဘယ်သူလဲ။”

နိမ့်ကျသည့် လောကတွင် သူ့အား မှတ်မိသူ ရှိနေတာလား။

“အသက်အားလုံးနန်းတော်, ယန်ဘူဂွေ့ပါ” မုတ်ဆိတ်မွှေးနှင့်လူက ချက်ချင်း ပြန်ပြောသည်။

ဂျန်ဝုယောင်း၏ ပါးစပ်က ရက်စက်လိုသည့် အပြုံးဖြင့် ကားတက်သွားပြီး ယန်ဘူဂွေ့၏ အပေါ်တွင် အနက်ရောင်မြူထုက ဖြစ်တည်လာသည်။ ၎င်းမြူထုက ရုတ်တရက် ဒူးထောက်နေသည့် ပုံရိပ်၏ အပေါ်ဘက် လေထုထဲတွင် မြင့်တက်လာသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now