၇၅၂။ ရန်တိုင်းပြည် (၃)

344 41 1
                                    

၇၅၂။ ရန်တိုင်းပြည် (၃)

လေညင်းကျောင်းတော်က သူတို့ရဲ့ မဟာဌာနမှာ မူရင်းအနေနဲ့ တပည့်ပေါင်း တစ်ထောင်ကျော် ရှိတယ်၊ ဒါပေမဲ့ ဒီတစ်ကြိမ် ပြန်လာတဲ့ အရေအတွက်က အစိတ်အပိုင်း နည်းနည်းလေးရယ်၊ သူတို့ရဲ့ ဆရာတွေတောင် အများကြီး ထွက်ခွာသွားကြတယ်၊ လက်ရှိ လေညင်းကျောင်းတော်က ကျောင်းသားတွေကို အဆင်သင့် သင်ကြားပေးမဲ့ ဆရာတွေ များများစားစား မရှိကြတော့ဘူး၊ မနုံမအတဲ့ ကျောင်းသားတွေက ကျောင်းကို ပြန်မသွားကြတော့ဘူး၊ ပြီးခဲ့တဲ့နှစ်က လိပ်ပြာတိုက်ပွဲဝင်ထားတဲ့ ထိပ်တန်းအဆင့် ကျောင်းသားတွေတောင် စစ်တံခွန် ကျောင်းတော်နဲ့ နဂါးသတ်ကျောင်းတော်ကို ပြောင်းရွှေ့သွားပြီလို့ သူတို့လူတွေဆီကနေ ငါ ကြားထားတယ်။

အဲဒါ အမှန် ဖြစ်နိုင်ပါ့မလား၊ လေညင်းကျောင်းတော်မှာ ဝိညာဉ်ကုစားဌာန ရှိသေးတယ်မို့လား၊ အဲဌာနက သူတို့အတွက် တမူထူးခြားတဲ့ ဌာနလေ၊ ဘာလို့ ဒီလောက် အများကြီး ကျောင်းထွက်သွားချင်ရတာလဲ လူငယ်က မေးသည်။ သူ့မျက်နှာက တုန်လှုပ်နေဟန် ပေါ်သည်။ မကျော်ကြားသော ကျောင်းတော်မှ လာသော သူက လေညင်းကျောင်းတော်လို ဂုဏ်သိက္ခာကြီးမားသော ကျောင်းတော်က အချိန်တိုအတွင်းမှာ လဲပြိုကျသွားမည်ဟူ၍ တွေးပင် မတွေးဝံ့ပေ။

တခြားလူငယ်က လှောင်ပြုံးပြုံး၍ နှာခေါင်းရှုံ့လိုက်သည်။ ဝိညာဉ်ကုစားဌာနသာ သူတို့မှာ မရှိရင်, တပည့်တစ်ယောက်တောင် ပြန်လာမှာ မဟုတ်ဘူးလို့ ငါ ခန့်မှန်းတယ်၊ အဲအဖြစ်အပျက်က ကျောင်းအုပ်ကြီးနှစ်ယောက်တည်းနဲ့သာ သက်ဆိုင်တာ မဟုတ်ဘူးလို့ ငါ ကြားမိတယ်၊ ကပ်ဘေးထဲ ကျောင်းသားအတော်များများကိုလည်း ဆွဲသွင်းခံလိုက်ရတယ်တဲ့၊ သူတို့ အသက်တွေတောင် ဆုံးရှုံးလိုက်ကြရတယ်တဲ့၊ ဒီလို ကြောက်စရာနေရာမှာ ဘယ်သူက နေဝံ့အုံးမှာလဲ၊ မင်း အဲမှာ နေလို့ ဘယ်လောက်ပဲ စွမ်းအား ထက်လာပါစေ, မင်းရဲ့ အသက်လေးလောက်တော့ အရေးမကြီးဘူးမို့လား။

ဒါဆို, လေညင်းကျောင်းတော်က ဒီနှစ်မှာ ပြဿနာကြီး ဖြစ်သွားတာပေါ့၊ သူတို့ရဲ့ ထိပ်တန်းကျောင်းသားတွေလည်း ထွက်ပြေးသွားကြတယ်၊ ဖန်ဂျင်က ကျောင်းအုပ်ကြီး ဖြစ်လာတယ်၊ သူက လိပ်ပြာတိုက်ပွဲမှာ ဝင်ပြိုင်ဖို့ စည်းမျဉ်းစည်းကမ်းနဲ့ ညီညွတ်နေတုန်းလို့‌တော့ မပြောပါနဲ့လား ကျောင်းတော်၏ ကျောင်းအုပ်ကြီးအနေဖြင့် သူ့ကျောင်းသားများနှင့် အတူတူ ပြိုင်ပွဲ ဝင်ဖို့က ခရော်ခရွတ်နိုင်လှသည်။ ဒီစကားသာ ပျံ့နှံ့သွားလျှင်, သူတို့ကို အကြီးမားဆုံးသော ရယ်စရာအဖြစ် မြင်သွားကြလိမ့်မည်။

ပါရမီရှင်သမားတော်(၂)Unde poveștirile trăiesc. Descoperă acum