၆၃၅။ ချန်လင်းမြို့သို့ နောက်တစ်ခေါက် (၅)
မုကွိုင်ဖန် သူ့ကိုယ်သူ လုံလုံလောက်လောက် တည်ငြိမ်အောင် လုပ်ပြီးနောက် ဂျန်ဝုရှီက မိုးကောင်းကင်အဆုံး ချောက်နက်အကြောင်းကို သူ့အား မေးလေ၏။
ထို့ကြောင့် မုကွိုင်ဖန် အလွန်အမင်း တုန်လှုပ်ချောက်ချားသွားသည်။
အဲသလိုမျိုး မဖြစ်သင့်ဘူးလေ... သခင်လေး ဂျန်, ကျုပ် သခင်လေးကို အဲနေရာ ခေါ်မသွားချင်လို့ မဟုတ်ပါဘူး၊ မိုးကောင်းကင်အဆုံး ချောက်နက်က တကယ် ကြောက်စရာကောင်းတဲ့ နေရာ၊ အဲနေရာမှာ လူတွေ အသက်ရှင်သန်ဖို့ မဖြစ်နိုင်ဘူး၊ ထောက်ချောက်တွေ အများကြီးလည်း ပြည့်နှက်နေတယ်၊ ကြောက်စရာ အဆိပ်တွေလည်း ရှိနေတယ်၊ နည်းနည်းလေး ခြေလှမ်းမှားလိုက်တာနဲ့ သခင်လေး အသက်ရှင်လျက် ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး၊ ဒါကို ပြန်လည် သုံးသပ်ဖို့ ကျုပ် သခင်လေးကို တောင်းပန်ပါတယ်။
ကျုပ်တို့ အဲနေရာ သွားကို သွားရမယ်၊ ခင်ဗျားက လမ်းပြရုံပါဘဲ ဂျန်ဝုရှီက တင်းမာပြတ်သားစွာ ပြောသည်။
မုကွိုင်ဖန်က အံကြတ်၍ ပိုမို၍ ဖျောင်းဖြရန် ကြိုးစားသည်။ သို့သော် ဂျန်ဝုရှီ၏ အတွေးကို နည်းနည်းလေးမှ ပြောင်းလဲသွားအောင် မစွမ်းဆောင်နိုင်ပေ။ ရွေးချယ်စရာ မရှိတော့သဖြင့် သူ ဆက်ပြောသည် သခင်လေး ဂျန် မိုးကောင်းကင်အဆုံး ချောက်နက်ကို သွားချင်တယ်ဆိုရင်, ကျုပ်လည်း သခင်လေးနဲ့ အတူလိုက်ဖို့ တောင်းဆိုပါရစေ၊ အဲလိုမှ မဟုတ်ရင် သခင်လေးရဲ့ နိမ့်ကျတဲ့ ဒီအစေခံက ဘယ်တော့မှ မိုးကောင်းကင်အဆုံး ချောက်နက်ကို လမ်းပြပေးမှာ မဟုတ်ပါဘူး၊ အနည်းဆုံးတော့ ကျုပ်က အဲကို တစ်ခေါက် ရောက်ဖူးသေးတယ်၊ ကျုပ် အဲနေရာနဲ့ ရင်းနှီးကျွမ်းဝင်သေးတယ်။
မုကွိုင်ဖန်က အလွန် ဆုံးဖြတ်ချက်ပြတ်သားသူ ဖြစ်သည်။ သူတို့သာ အန္တရာယ်နှင့် တွေ့ကြုံလာလျှင် သူ့အသက်ကို စွန့်လွှတ်ရပါစေ, သခင်လေးဂျန်ကို ကာကွယ်ပေးဖို့ သူ အပြည့်အဝ ပြင်ဆင်ထားသည်။
ဂျန်ဝုရှီက မုကွိုင်ဖန်၏ တောင်းဆိုချက်ကို မကန့်ကွက်ပေ။
