၇၀၈။ ရင်ဆိုင်ဖို့ ပြင်ဆင်ခြင်း (၇)

443 47 1
                                    

၇၀၈။ ရင်ဆိုင်ဖို့ ပြင်ဆင်ခြင်း (၇)

ဝမ်ရှင်းဟန်က နွေးထွေးစွာ ပြုံး၍ ပြောသည် ဝမ်ရှင်းဟန်က ပြောစကား တည်တဲ့ သူပါ။

ဂျန်ဝုရှီက သူမရရှိသည့် အဖြေကြောင့် ကျေနပ်အားရပြီး ခေါင်းညိတ်လိုက်သည်။

ခင်ဗျား အသက်ကို ကျုပ်ပေးဖို့ မလိုပါဘူး၊ ကျုပ်လိုတာက တခြားလူရဲ့ အသက်ကို ရရှိဖို့ ခင်ဗျားအသက်ကို အသုံးချပေးဖို့။ ဂျန်ဝုရှီက မျက်လုံးများ ကျဉ်းမြောင်းစေလျက် ပြောသည်။

ငါ လုပ်ရမဲ့ဟာကို ကျေးဇူးပြုပြီး ပြောပြပါ။ ဝမ်ရှင်းဟန်က နည်းနည်းလေးပင် မတွန့်ဆုတ်ဘဲ ပြောသည်။ သူက ရှေ့ဆက် မေးမြန်းစုံစမ်းဖို့ပင် စိတ်အနှောင့်အယှက် အဖြစ်မခံဘဲ ချက်ချင်းပင် သဘောတူလိုက်သည်။ ဒါသည်ပင် ဝမ်မိသားစု၏ မယိမ်းမယိုင် သစ္စာရှိမှုကို တွေ့မြင်နိုင်သည်။

ဝမ်ရှင်းဟန်၏ ဂုဏ်အဆင့်အတန်း, စွမ်းအားဖြင့်ဆိုလျှင် ဂျန်ဝုရှီနှင့် ပြုလုပ်ထားသော ကတိကဝတ်ကို စောင့်ထိန်းနေစရာပင် မလိုအပ်ချေ။ ခရမ်းရောင်ဝိညာဉ်စွမ်းအားက တိုင်းတာလို့ပင် မရချေ။ လင်းအိမ်တော်သည်ပင် လက်ရှိ ဝမ်ရှင်းဟန်ထံမှ တောင်းဆိုနိုင်စွမ်း မရှိပေ။ သို့သော် ဝမ်ရှင်းဟန်က သူ့ကတိတည်ဖို့ ရွေးချယ်လိုက်သည်။

ထိုလို လူစားမျိုးကို ဂျန်ဝုရှီက လေးစားသမှုရှိသည်။ ဒါဆို သူမဖိုးဖိုး၏ ဆုံးဖြတ်ချက် မမှားယွင်းတာကို သူမ ဝမ်းသာမိသည်။ ဝမ်မိသားစုက တကယ်ပင် ဖြောင့်မတ်ရိုးသားသော မိသားစု ဖြစ်ပေ၏။

အလျင်မလိုပါဘူး၊ ကျုပ် မေးစရာ အချို့ ရှိသေးတယ်။ ဝမ်ရှင်းဟန်၏ စိတ်ချရသော အဖြေကြောင့် ဂျန်ဝုရှီ မစိုးရိမ်မကြောင့်ကြတော့ချေ။ ဝမ်ရှင်းဟန်က အခု သူမဘက်တော်သားမှန်း သေချာသွားလေပြီ။ အခု ကျန်ရှိနေတာက ရန်သူ့အကြောင်း အချက်အလက်ကို စုစည်းဖို့နှင့် ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး ရှာဖွေဖို့ ဖြစ်သည်။

ကျေးဇူးပြုပြီး မေးပါ။ ဝမ်ရှင်းဟန်က စိတ်လက်ရှည်စွာ ပြန်ပြောသည်။

ဂူလီရှန်က စကားတစ်ခွန်းမျှ ဝင်ရောက် မပြောဆိုနိုင်ဘဲ ကြည့်နေလျက် ရှိသည်။ ဂျန်ဝုရှီက အလွန်တည်ငြိမ်ပြီး ဣန္ဒြေရသော ကလေးတစ်ယောက်ဖြစ်သည်။ သူ့လို လူမျိုးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ခရမ်းရောင်ဝိညာဉ်စွမ်းအားရှင်နှင့် ရင်ဆိုင်နေပါလျက် ဝမ်ရှင်းဟန်၏ ဦးညွတ်ခြင်းကို ပွင့်ပွင့်လင်းလင်း လက်ခံခဲ့သည်။ သူမစကားများဖြင့် သူမတောင်းဆိုချက်ကို ဝမ်ရှင်းဟန်အား နာခံစေခဲ့သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now