၇၃၉။ ရှစ်ခုမြောက် ရိုက်ချက် (၂၀)

455 49 0
                                    

၇၃၉။ ရှစ်ခုမြောက် ရိုက်ချက် (၂၀)

နောက်တစ်ခဏတွင် ဂျန်ဝုရှီ၏ ဝိညာဉ်စွမ်းအားက လုံးလုံးလျားလျား ခမ်းခြောက်သွားလေ၏။ သူမက အစပိုင်းမှာ ဖန်ဇိုနှင့် ပူးပေါင်း၍ ရန်သူကို လုံးဝ ဖိနှိပ်ထားဖို့ စီမံထားခဲ့သည်။ သို့သော် သူမ၏ ဝိညာဉ်စွမ်းအားက တိုက်ပွဲမှာ ထပ်တလဲလဲ သုံးလိုက်သဖြင့် ယုတ်လျော့သွားသဖြင့် သူတို့၏ ပြိုင်ဘက်က လျင်မြန်စွာ အခွင့်အရေးကို အမိအရ ယူပြီး ဖန်ဇို မတုံ့ပြန်နိုင်ခင်မှာပင် ပြိုင်ဘက်က သူ့ဝိညာဉ်စွမ်းအားဖြင့် ဂျန်ဝုရှီထံ ပစ်လွှင့် တိုက်ခိုက်လိုက်သည်။

ဖန်ဇို၏ နှလုံးသားက သိမ့်ခနဲ တုန်သွားသည်။ သူက တားမြစ်လိုသည်။ သို့သော် သူ အလွန် နောက်ကျသွားသည်။

ဝိညာဉ်စွမ်းအားက ဂျန်ဝုရှီကို ထိမှန်၍ ပေါက်ကွဲတော့မှာကို သူ မြင်လိုက်ရသည်။ သို့သော် ထိုအချိန်မှာ ဂျန်ဝုရှီက နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။

ဂျန်ဝုရှီက တိုက်ခိုက်မှုကို လက်ခံပြီး ဖြစ်လာမည့် နာကျင်မှုကို တောင့်ခံဖို့ ပြင်ဆင်ထားသည်။ သို့သော် မျှော်လင့်မထားစွာ သူမခန္ဓာကိုယ်သို့ နာကျင်ခြင်းက နည်းနည်းလေးပင် ရောက်ရှိမလာခဲ့ပေ။ တကယ်တော့ သူမက ဆန့်ကျင်ဘက်ပင် ဖြစ်သွားသည်။ သူမက ရုတ်တရက် ရင်းရင်းနှီးနှီး ပွေ့ဖက်ခြင်းကို ခံလိုက်ရပြီး နွေးထွေးကာ သက်သောင့်သက်သာ ဖြစ်သွားသည်။

ရှီလေးက တကယ်ပဲ ကြီးပြင်းလာပြီပဲ၊ မင်းက ခရမ်းရောင်ဝိညာဉ်စွမ်းအားကိုတောင် အသုံးပြုနိုင်ပြီပဲ၊ ဒါပေမဲ့ မင်းက ဒါကို သင်ပြီးခါစပဲ ရှိသေးတယ်လေ၊ အလျင်စလို မသုံးစွဲသင့်ဘူး, ဟုတ်တယ်မို့လား ဂုဏ်ယူဝမ်းမြောက်သော အသံက သူမ ခေါင်းပေါ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

ဂျန်ဝုရှီက အံ့အားသင့်ဟန်ဖြင့် ချက်ချင်း ခေါင်းမော့ကြည့်လိုက်သည်။ သူမမျက်လုံးထဲသို့ အပြစ်အနာအဆာ ကင်းမဲ့သည့် မျက်နှာရိပ်က ထင်ဟပ်လာလေ၏။

အကိုကြီး........ ဂျန်ဝုရှီ၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ ၎င်းမျက်လုံးများက သူမအား ပွေ့ဖက်ထားသော ဂျန်ဝုယောင်းကို မြင်ရသဖြင့် အံ့အားသင့်ဟန်ကို ပြသနေသည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora