၂၄၄။ "ကုသခြင်း - ၄"

1.1K 80 0
                                    

၂၄၄။ “ကုသခြင်း - ၄”

အမူးသမားကြာပန်းက ချက်ချင်းပင် တံခါးအပြင်ဘက်တွင် ရပ်စောင့်နေကြသည့် နန်းတော်အစောင့်နှစ်ယောက်ကို ခေါ်လာခဲ့သည်။ သူတို့ အထဲသို့ ခြေချလိုက်သည်နှင့် ပြင်းထန်စူးရှသည့် သွေးရနံ့ကြောင့် သူတို့ တုန်လှုပ်ချောက်ချားသွားကြသည်။ အနက်ရောင်သားရဲကြီးက အပြင်းအထန် ဒဏ်ရာရနေသည့် ဘုရင်ကြီးအား သယ်ဆောင်လာတာကို သူတို့ တွေ့မြင်ခဲ့ကြသည်။ သူတို့က သွေးနံ့ကို ရလိုက်သော် သူ့တို့ စိတ်များ ဗလာကျင်းသွားပြီး အတွေးပေါင်းစုံကြောင့် ထိတ်လန့်ကုန်သည်။

“နောက်နှစ်ရက်အထိ, နင်တို့ ဘုရင်ကြီးကို ဂရုစိုက်ကြရမယ်၊ သူ့ကို တစ်နာရီ တစ်ကြိမ် ရေနွေးတစ်ခွက်စီ တိုက်ကြရမယ်...” ဂျန်ဝုရှီက စားပွဲပေါ်တွင် သက်စောင့်ဆေးပုလင်းအနည်းငယ်ကို တင်ထားပြီး အသေးစိတ် စီမံခန့်ခွဲပေးသည်။ မိုချင်းယွမ်၏ ခန္ဓာကိုယ်အနေအထားက တည်ငြိမ်နေပြီ ဖြစ်သော်လည်း လောလောဆယ် သတိလစ်မေ့မြောနေသည်မို့ သူ့အား ဂရုစိုက်ရမည့် လူ လူအပ်နေသည်။

ထို့‌နောက် ဂျန်ဝုရှီက သူမ လုပ်ဆောင်မပေးရန် ဆုံးဖြတ်လိုက်သည်။

နန်းတော်အစောင့်နှစ်ယောက်က တုံ့ဆိုင်းဆိုင်းဖြင့် နားထောင်နေကြသည်။ သူတို့က မေးခွန်းများစွာ မေးဖို့ တုံ့ဆိုင်းနေကြသည်။ သူတို့က ဂျန်ဝုရှီ ပြောသည့် စကားလုံးတိုင်းကို သူတို့ ဦးနှောက်ထဲတွင် ရေးထွင်းကာ မှတ်သားထားလိုက်ကြသည်။ သူတို့က စကားတစ်လုံးတစ်လေကိုပင် မမေ့မလျော့ရဲကြချေ။

ဂျန်ဝုရှီက ညွှန်ကြားပြီးနောက် သွေးနံ့ပြင်းထန်နေသည့် အိပ်ခန်းဆောင်မှ ထွက်လာခဲ့သည်။ သွေးရနံ့က သူမကို ကောင်းကောင်း ထိုင်နေခွင့် မပေးပေ။

ဂျန်ဝုရှီနှင့် လူတိုင်းက ဘုရင့်အိပ်ခန်းဆောင်မှ ထွက်ခွာသွားလျှင်, အစောင့်နှစ်ယောက်က မိုချင်းယွမ်၏ ဘေးသို့ သွားကြသည်။ သူတို့မြင်ရသည့် မြင်ကွင်းက သူတို့ကို ခလုတ်တိုက်လုမတတ် တုန်လှုပ်သွားစေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now