၆၂၇။ မြှူဆွယ်ခြင်းလော-၁
ဂျန်ဝုယောင်း၏ ပေါ်ထွက်လာခြင်းက ဂျန်ဝုရှီ၏ ဘဝကို အနည်းငယ် ကွဲပြားသွားစေသည်။ ဆေးဝါးများ ဖော်စပ်ဖို့ ဆေးမီးဖို ရှာဖွေရန် သူမ ချန်လင်းမြို့သို့ အရင်က သွားခဲ့သည်။ ဟောင်းနွမ်းစုတ်ပြတ်နေသော ဆေးမီးဖိုကိုသာ သူမ ရှာဖွေတွေ့ရှိခဲ့သည်။ ညံ့ချာသော ဆေးမီးဖိုကို အသုံးပြုဖို့ ချထားစဉ် ဂျန်ဝုယောင်းက ပြူတင်းပေါက်ဘောင်ကို ပျင်းရိပျင်းတွဲ မှီလျက် သူမကို ကြည့်နေသည်။
ငါ့ ရှီလေးက ဘာလို့ ဒီလောက် စုတ်ချာနေတဲ့ ဟာကို အသုံးပြုလို့ သင့်ပါ့မလဲ ဂျန်ဝုယောင်းက ဂျန်ဝုရှီထံ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။ ဂျန်ဝုရှီက သူ့ကို ကြည့်လိုက်လျှင်, သူက လက်ကို မြှောက်၍ အနက်ရောင်မြူထုကို လက်ထဲတွင် ဖန်ဆင်းလိုက်သည်။ သူက အနက်ရောင်မြူလုံးကို ဆေးမီးဖိုသို့ ပစ်လိုက်လျှင် လေပွေငယ်လို ဝိုင်းပတ်သွားသည်။
........... ဆေးမီးဖိုက လေထဲမှာတင် ပျောက်ကွယ်သွားသည်။ ဂျန်ဝုရှီက အေးစက်စက် မျက်နှာပေးဖြင့် ကြည့်နေသည်။
ဂျန်ဝုယောင်းက ပြုံးလျက် ပြောသည် ဒီလိုဟာမျိုးကို ထိကိုင်ရင်, မင်းလက်လေးတွေသာ ညစ်ပေသွားမှာပေါ့။
ဂျန်ဝုရှီက အမူအရာကင်းမဲ့စွာ ပြောသည် အဲထဲမှာ ဆေးတွေ ရှိတယ်။
သူမ တစ်ညလုံးနီးပါး ဆေးဖော်စပ်ခဲ့သည်။ ဆေးလုံးတစ်ဖုံစာ ရရှိခါနီး ဖြစ်နေလေပြီ။ ၎င်းဆေးလုံးများကို သူမ ထုတ်ယူတော့မည် ဖြစ်သည်။ သို့သော် ၎င်းဆေးလုံးများက ဒီလူကြောင့် ရုတ်ချည်း ပျက်စီးသွားခဲ့ရသည်။
ထိုအေးစက်စက် မျက်လုံးများတွင် မနှစ်သက်သည့် အရိပ်အယောင် ပေါ်ထွက်လာသည်။ သူမက ဂျန်ဝုယောင်းအား စူးစိုက်ကြည့်နေသည်။ ဒါက သူ့ကို တိတ်ဆိတ်စွာ စွပ်စွဲနေခြင်း ဖြစ်သည်။ သူ အတင်းအကျပ် လုယူသွားသောကြောင့်ပင်။
ဆေးမီးဖိုက တန်ကြေးမရှိပေ။ သို့သော် ဆေးမီးဖိုထဲရှိ ဆေးလုံးများက ပိုက်ဆံ အတော်များများ ထိုက်တန်သည်။
ဂျန်ဝုရှီ၏ မနှစ်သက်သော အကြည့်ကို တွေ့မြင်ရလျှင် ဂျန်ဝုယောင်း ဆွံ့အသွားရသည်။ သူ လည်ချောင်းရှင်း၍ ထပ်မံ၍ ပြုံးပြသည်။ ဂျန်ဝုရှီအား ဖက်ထားလို၍ သူ့လက်များကို မြှောက်ပင့်လိုက်သည်။