၄၁၄။ "အသရေဖျက်ခြင်း - ၆"

550 44 1
                                    

၄၁၄။ အသရေဖျက်ခြင်း - ၆

အသံလာရာဖက်သို့ အားလုံး ခေါင်းလှည့်ကြည့်ကြလျှင် ထွက်ခွာရန် ဟန်ပြင်နေသော ဖန်ဂျင်နှင့် ဂျန်ရှီအား ပြုံးကြည့်နေသော ယင်ယန်ကို တွေ့လိုက်ကြရသည်။

ယင်ယန်၏ ရင်ဘတ်ပေါ်တွင် ချိတ်ဆွဲထားသော ကျောက်စိမ်းတံဆိပ်ပြားအရ သူ့ဌာနကို လူတိုင်း သိကြသည်။

ဝိညာဉ်ကုစားဌာနတပည့်က တကယ်ပင် ရှေ့ထွက်လာခဲ့သည်။

တစ်နေရာရာမှာ မှားယွင်းနေတာ ဖြစ်နိုင်ကြောင်းကို ဖန်ဂျင်က အစောပိုင်းမှာ ပြောဆိုခဲ့သည်။ ဖန်ဂျင်၏ ထူးခြားသော အနေအထားနှင့် လေးစားစရာ ဂုဏ်သိက္ခာက လီဇီမု ပြောခဲ့သလို တကယ် ဖြစ်ခဲ့သလားဟု ကျောင်းသားငယ်များအား သံသယဝင်စေခဲ့သည်။ သို့သော် အခု, ပြဿနာရင်းမြစ်၏ ဖြစ်တည်ရာ ဝိညာဉ်ကုစားဌာနမှ တပည့်တစ်ယောက်က ရုတ်တရက် ထွက်ပေါ်လာပြီး မတောင်းပန်သဖြင့် ဂျန်ရှီအား ပြစ်တင်ဝေဖန်နေလေပြီ။

ဒါက ဘာကို ဆိုလိုသနည်း။

ဒါက ဝိညာဉ်ကုစားဌာနမှ တပည့်အားလုံးက အဖြစ်အပျက် အမှန်ကို တိတိကျကျ သိကြသည်ဟူ၍ ဆိုလိုသလော။ ထို့ကြောင့်ပင် သူတို့က ဂျန်ရှီ့အား ကောင်းကောင်း အခက်တွေ့အောင် လုပ်ဆောင်နေကြသလော။

ဖန်ဂျင့်ကြောင့် ဖြစ်သွားသော ညီမျှခြင်းက ရုတ်တရက် ယင်ယန် ပေါ်ထွက်လာသဖြင့် နောက်တဖန် ဦးစောက်ပြောင်းပြန် ထိုးဆင်းကျသွားရသည်။

ဖန်ဂျင်က ယင်ယန်အား မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

ဂျန်ဝုရှီက တုံ့ခနဲ ရပ်၍ မီးကျီးခဲထဲ လောင်စာဆီ လောင်းထည့်နေသော သူမ၏ အခန်းဖော်အား စူးခနဲ ကြည့်လိုက်သည်။

ယင်ယန်နှင့် ဂျန်ဝုရှီတို့ အချင်းချင်း တွေ့ရသော ဖြစ်စဉ်က နှစ်ကြိမ်မျှသာ ရှိသည်။ သို့သော် ယင်ယန်၏ သူမအပေါ် မလိုမုန်းတီးစိတ် အလွန်ကြီးမားနေတာကို သိရဖို့ သူမအတွက် လုံလောက်နေပြီ ဖြစ်သည်။

ယင်ယန်က သူတို့နှစ်ယောက်ထံ ခပ်ဖြည်းဖြည်း လျှောက်လှမ်းလာသည်။ သူ စကားပြောပြီးနောက် လူတိုင်းက သူ့အား စောင်းငဲ့ကြည့်လာကြတာကို တွေ့မြင်ရလျှင် သူက အူမြူးစွာ စိတ်ထဲမှာ ဟားတိုက်ရယ်နေမိသည်။

ပါရမီရှင်သမားတော်(၂)Où les histoires vivent. Découvrez maintenant