၇၃၆။ ရှစ်ခုမြောက် ရိုက်ချက် (၁၇)

469 42 0
                                    

၇၃၆။ ရှစ်ခုမြောက် ရိုက်ချက် (၁၇)

ယဲ့ရှက ဂုယင်၏ မေးခွန်းအား ပြန်မဖြေပေ။ သူက နောက်ထပ် တိုက်ခိုက်မှုကို စတင်ရန် ပြင်ဆင်ပြီး ဖြစ်သည်။

နင်ရူက ဂုယင် သွေးအန်တာကို မြင်ရချိန်မှာ သူ့နှလုံးသား ပျာယာခတ်သွားသည်။ ကိစ္စရပ်များက မျှော်လင့်သလို ဖြစ်မလာဘဲ အခက်အခဲ ဖြစ်လာသည်။ ဂုယင်က လျှို့ဝှက်လူနှင့် မပြိုင်ဆိုင်နိုင်ခဲ့ပေ။

ယဲ့ရှက နောက်ထပ် တိုက်ခိုက်လာသည်။ ဂုယင်က အားရှိသမျှ ရုန်းကန်၍ ပြန်တိုက်သည်။ သို့သော် ဒီတစ်ကြိမ်မှာတော့ သူ၏ ဝိညာဉ်စွမ်းအားကို ကြာရှည် ထိန်းသိမ်းမထားနိုင်ဘဲ ခုခံကာကွယ်ရုံသာ တတ်နိုင်တော့သည်။

နောက်ဆုံးတွင် ဂုယင် မြေပြင်ပေါ် လဲကျသွားသည်။ သူ့ခန္ဓာကိုယ်က ဒဏ်ရာများ ပြည့်နှက်သွားသည်။ သူ နာကျင်မှုကြောင့် မအော်မိအောင် အံကြိတ်၍ တင်းခံသည်။ သူ့မျက်လုံးများက တစ်ဖက်တွင် ရှိနေသော ဂျန်ဝုရှီကို မတုန်မလှုပ် ကြည့်လိုက်သည်။

သူ မခံမရပ်နိုင်တာကို ခံစားလာရသည်။

ကြည့်စမ်းပါအုံး၊ နင့်မှာ အဲသလို စွမ်းရည်မျိုး မရှိပါဘူး ဂျန်ဝုရှီက ဂုယင်၏ မခံမရပ်နိုင်သော မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သို့သော် သူမ၏ မျက်လုံးများကတော့ မည်သည့် စိတ်ခံစားချက် အရိပ်အယောက်ကိုမျှ ပြသမနေပေ။

အောက်ဘုံမှာ ဒီလိုမျိုး သေရမည်ဟု ဂုယင် အိပ်မက်ပင် မမက်ဖူးခဲ့ပေ။ ယဲ့ရှ၏ စွမ်းအားပြည့် အင်အားက သူ့အား အကြီးအကျယ် ထိတ်လန့်စေသည်။ သို့သော် တကယ်တော့ သူက ဂျန်ရှီနှင့် ပတ်သက်၍ အဆုံးမရှိသော နောင်တများ ရနေသည်။

ယဲ့ရှက ဂုယင်အား အဆုံးသတ်ပေးရန် ဟန်ပြင်စဉ် လူရိပ်အချို့က လေညင်းကျောင်းတော်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ခရမ်းရောင်ဝိညာဉ်စွမ်းအားက ယဲ့ရှသို့ ပြေးဝင်လာသည်။ ယဲ့ရှက ချက်ချင်းပင် နောက်ဆုတ်လိုက်သည်။ သူက ရောက်ရှိလာသော ရန်သူကို မျက်တောင်မခတ် စူးစိုက်ကြည့်လိုက်သည်။

ဆွဲဆောင်အားကောင်းသော ယောက်ျားလေးယောက်က မြေပြင်ပေါ်မှာ ရုတ်ချည်း ပေါ်ထွက်လာသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now