၄၀၇။ "မျှော်လင့်မထားသည့် ရှုပ်ထွေးမှု - ၂"

579 46 0
                                    

၄၀၇။ မျှော်လင့်မထားသည့် ရှုပ်ထွေးမှု - ၂

ဌာနအသီးသီးအတွက် ကျောက်စိမ်းတံဆိပ်များက ကွဲပြားကြသည်။ သားရဲဝိညာဉ်ဌာနအတွက် အစိမ်းရောင်ဖြစ်ပြီး လက်နက်ဝိညာဉ်ဌာနအတွက် အနက်ရောင်ဖြစ်သည်။ ဝိညာဉ်ကုစားဌာနအတွက် အဖြူရောင်ကျောက်စိမ်းကို သုံးစွဲသည်။

ဂျန်ဝုရှီ လက်ထဲရှိ ကျောက်စိမ်းတံဆိပ်က အစိမ်းရောင်ဖြစ်သည်။ သူမက သားရဲဝိညာဉ်ဌာနနှင့် သက်ဆိုင်သူ ဖြစ်သွားခဲ့လေပြီ။

တပည့်သစ်များက သူတို့နှင့် သက်ဆိုင်ရာဌာနများသို့ သတင်းပို့ရန် ကနေ့ မနက် စောစောပင် ထွက်သွားကြသည်။ ဂျန်ဝုရှီက တစ်ဝက်တစ်ပျက်ကျမှ အဆောတလျင် ဝင်ရောက်လာခဲ့သူ ဖြစ်သည်။ သို့သော် သူမက သတင်းပို့ရန် အလျင်လိုခြင်း မရှိပေ။

သူမ၏ လက်စွပ်ဝိညာဉ်က အပင်အမျိုးအစား ဖြစ်သဖြင့် သားရဲပညာဖြစ်ဖြစ်, လက်နက်ပညာဖြစ်ဖြစ်, မည်သည့် ပညာကိုမဆို သင်ပေးသော်လည်း သူမအတွက် အသုံးဝင်မည် မဟုတ်ပေ။ သူမ သင်ယူချင်တာက သူမ၏ ဝိညာဉ်စွမ်းအားကို မည်သို့ တိုးတက်အောင် လုပ်ရမလဲ ဆိုတာပင် ဖြစ်သည်။

သားရဲဝိညာဉ်ဌာနသို့ ချက်ချင်း မသွားရန် ဂျန်ဝုရှီ ဆုံးဖြတ်လိုက်ခြင်းက သူမအတွက် ဂုဏ်သတင်းများ ဖွတ်ဖွတ်ညက်ညက် ကျဆင်းမသွားအောင် တားဆီးလိုက်သည့် ဖြစ်ရပ်ပင် ဖြစ်သည်။ သူမ၏ မကောင်းသတင်းက ကျောင်းတော်အတွင်း တစ်ခုလုံးမှာ ပျံ့နှံ့နေသည်။

နေ့လည်အချိန်မှာ ကျောင်းသားများအားလုံး နေ့လည်စာ စားရန် သွားကြလျှင် ဂျန်ဝုရှီသည်လည်း ထမင်းစားခန်းမသို့ တစ်ဦးတည်း လျှောက်လှမ်းလာခဲ့သည်။ သူမအား လူတိုင်းက စူးစိုက်ကြည့်နေကြသည်။ တချို့က ယုတ်မာသည့် အကြည့်၊ တချို့က အထင်သေးသည့် အကြည့်၊ တချို့က သနားသည့် အကြည့်တို့ဖြင့် သူမအား စုပြုံကြည့်နေကြသည်။

ဂျန်ဝုရှီက ကြောင်နက်လေးကို ချီလာသည်။ သူမက ၎င်းအကြည့်များကို သတိပြုမိဟန်ပင် မရပေ။ သူမအတွက် စားစရာကို ယူဆောင်လာပြီး ထောင့်စွန်းတစ်ခုတွင် ထိုင်ပြီး ခေါင်းငုံ့ကာသာ စားနေသည်။ သူမ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှကို နားလည်း မထောင်သလို ကြည့်လည်း မကြည့်ပေ။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora