၂၈၆။ "ပဉ္စမရိုက်ချက် - ၈"

994 83 0
                                    

၂၈၆။ “ပဉ္စမရိုက်ချက် - ၈”

ခဲချန်ဂျုက ကောင်စုတ်လေးတစ်ယောက်၏ လွှမ်းမိုးမှုကို ခံရပြီး သည်လောက်အထိ အခြေအနေဆိုးဝါးလိမ့်မည်ဟူ၍ ဘယ်တုန်းကမှ မစဉ်းစားခဲ့ပေ။ သူနှင့် နီးကပ်လာသည့် ဂျန်ဝုရှီကို ထိတ်လန့်ကြောက်ရွံ့လျက် ကြည့်နေသည်။ ခြေလှမ်းများ နီးကပ်လာသည်နှင့် ခဲချန်ဂျုက ကြောက်ရွံ့တွန့်ဆုတ်သွားရသည်။ သူက သူ့လက်များကို မြှောက်၍ ရှိသမျှ အဆိပ်အားလုံးကို ဂျန်ဝုရှီထံ ပစ်လွှတ်လိုက်သည်။

သူက သူ့တစ်ဘဝလုံး အဆိပ်မှာ ယုံကြည်ချက်အပြည့်ဖြင့် နေထိုင်ခဲ့သည်။ သူ့အဆိပ်များအောက်တွင် သေဆုံးသွားသည့် ရန်သူများ ရေတွက်လို့ပင် မရတော့ချေ။ သည်ကောင်စုတ်လေးလည်း ချွင်းချက် မရှိချေ။

အထီးကျန် အဆိပ်ငွေ့က မသက်ရောက်သော်လည်း, သူ့အင်္ကျီလက်အိုး အောက်တွင် ရှိနေသည့် လျှို့ဝှက် အဆိပ်အမျိုးမျိုးထဲမှ တစ်ခုခုက သည်ကောင်လေးကို သတ်နိုင်ကောင်း သတ်နိုင်လိမ့်မည်။

သို့သော် ဂျန်ဝုရှီက ရှေ့သို့သာ ဆက်လာနေသည်။ နည်းနည်းလေးမျှ တွန့်ဆုတ်သွားခြင်း မရှိချေ။ အဆိပ်ငွေ့များက တိမ်များလို သူမအား ဝိုင်းပတ်လို့ နေသည်။ သူမ၏ အေးစက်သည့် မျက်လုံးများက ထူထပ်သည့် အဆိပ်မြူများတောက်လျှောက် တောက်ပလို့နေကြသည်။

ထိုမျက်လုံးများက လုံးလုံး အထင်သေးနေသည့် မျက်လုံးများသာ ဖြစ်ကြသည်။

“ခင်ဗျား ပြီးသွားပြီလား” ဂျန်ဝုရှီက စိတ်မရှည်စွာ မေးလာသည်။ ခဲချန်ဂျု၏ ရှိသမျှ အဆိပ်အားလုံးကို သုံးစွဲနေတာကို ကြည့်ရင်း သူမက စိတ်မရှည် ဖြစ်လာသည်။

ခဲချန်ဂျုက ဂျန်ဝုရှီကို ကြည့်ပြီး ထိုခဏမှာ ပြောစရာ စကား ရှာမတွေ့တော့ချေ။ ဆက်တိုက် သူ ပစ်လွှတ်နေသည့် အဆိပ်များက သည်ကမ္ဘာပေါ်တွင် မတူ ကွဲပြားသည့် ချက်ချင်း သေစေနိုင်သော အဆိပ် ဆယ်မျိုး ပါဝင်သည်။ အသန်မာဆုံး သိုင်းသမားသည်ပင် သူ၏ များပြားသည့် အဆိပ်များအောက်တွင် ကျရှုံးသွားနိုင်သည်။

ပါရမီရှင်သမားတော်(၂)Onde histórias criam vida. Descubra agora