၂၉၁။ "အလှတရား၏ ပြင်ပန်းသွင်ပြင် - ၃"

958 78 0
                                    

၂၉၁။ “အလှတရား၏ ပြင်ပန်းသွင်ပြင် - ၃”

“လောလောဆယ်တော့ ငါ့မျက်နှာကိုပဲ တော်တော် သဘောကျနေတယ်၊ မင်းရဲ့ တန်ဖိုးရှိတဲ့ဟာကို လိုအပ်တဲ့ လူတွေအတွက် သိမ်းထားလိုက်ပါကွာ, ဟုတ်ပြီလား” ကျောက်ချူက ဂျန်ဝုရှီ ကမ်းပေးသည့် ဆေးကို သူ့ဆီမှ တွန်းထုတ်၍ ယဉ်ယဉ်ကျေးကျေးဖြင့် ခပ်မြန်မြန် ငြင်းဆိုသည်။

သူက ထိုဆေးကို ခြေဖျားဖြင့်ပင် မထိလိုပေ။ ခဲချန်ဂျု သေဆုံးသွားခဲ့သည့် ပုံစံကို သူက မျက်မြင် တွေ့ရှိခဲ့သည်မဟုတ်လော။ ၎င်းသေဆုံးပုံက သူ့အား ကြက်သီးမွေးညင်းထစေသည်။ ခဲချန်ဂျု၏ မျက်နှာက တကယ်ပင် ကြောက်စရာ ကောင်းလှသည်။

ဂျန်ဝုရှီ၏ မျက်နှာလှဆေးက ခဲချန်ဂျုကိုသာ မက, ကျောက်ချူကိုလည်း ကြာရှည်စွာ ထိတ်လန့်စေသည်။

ယောက်ျားသားများက ကိုယ့်ရုပ် ကိုယ်ချောတာကို မစွဲလန်းသင့်မှန်း အခု သူ သဘောပေါက်သွားသည်။

သူ ငြင်းဆိုလိုက်မှသာ ဂျန်ဝုရှီက မျက်နှာလှဆေးကို ပြန်သိမ်းလိုက်သည်။

ကျောက်ချူက သက်ပြင်းအေး ချလိုက်သည်။ သို့သော်.....

ရှီလေးက သူ့ကို ဟာသလုပ်ခဲ့တာလား၊ ဒါက ဖြစ်တောင့် ဖြစ်ခဲ့ပင်။

အနက်ရောင်သားရဲကြီးက ကျောက်ချူကို တိတ်ဆိတ်စွာ အကဲခတ်နေသည်။ ကျောက်ချူ၏ အတွေးများကို သူ့မျက်နှာက ဖော်ပြနေသည်။ အနက်ရောင်သားရဲကြီးက နုံအသည့် လူငယ်ကို တကယ်ပင် ပြောပြချင်သည် “ငါ့သခင်မလေးက ဘယ်တော့မှ ဟာသမလုပ်တတ်ဘူး၊ မင်းကသာ တကယ် သောက်ချင်ရင်, သူမက မင်းကို မျက်နှာလှဆေး တိုက်ကျွေးလိမ့်မယ်”ဟူ၍။

သံသယရှိစရာပင် မလိုပေ။

“ငါတို့ အခု ဘာလုပ်ကြမလဲ” ကျောက်ချူက တွန့်ဆုတ်ဆုတ်ဖြင့် ချောင်းဟန့်သည်။ သူက အမြန်အဆန်ပင် စကားလမ်းကြောင်း ပြောင်းလိုသည်။

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ