၄၅၆။ "အဆက်မပြတ် ရိုက်ချက်၊ ပထမပုံစံ-၃"

579 46 0
                                    

၄၅၆။ အဆက်မပြတ် ရိုက်ချက်၊ ပထမပုံစံ-၃

ဖန်ဂျင် စကားတစ်လုံးမျှ မပြောရသေးခင်မှာပင် ဂျန်ဝုရှီက ရုတ်တရက် ပြောလာသည် သူ့ကို အတူတူ လိုက်ဖို့ ခေါ်ထားလိုက်။

ဂျန်ရှီ၏ ရုတ်တရက် ပြောဆိုချက်ကြောင့် လူတိုင်း အံ့ဩ၍ တိတ်ဆိတ်သွားသည်။

ဖန်ဂျင် သူ့နားပင် သူ မယုံနိုင် ဖြစ်သွားသည်။ ဂျန်ရှီက လီဇီမုကို အတူတူ လိုက်စေဖို့ ပြောလိုက်တာလား။ လူလိမ်လူညစ် လီဇီမုကိုလေ။ သူက လေညင်းကျောင်းတော်မှာ ဂျန်ရှီ၏ နေ့ရက်များကို အခက်တွေ့အောင် လုပ်ခဲ့သူ မဟုတ်လား။ ငရဲရောက်သလို ခံစားရအောင် လုပ်ခဲ့သူ မဟုတ်လား။ သူတို့နှင့် ပေါင်းဖို့ သဘောတူလိုက်သတဲ့လား။

လီဇီမုသည်လည်း ဂျန်ရှီကို ကြည့်လျက် တုန်လှုပ်သွားရသည်။ ဖန်ဂျင်ကသာ သူ့ကို လက်ခံပြီး ဂျန်ရှီက လုံးဝ ငြင်းပယ်မည်ဟု သူ တွေးထင်ထားခဲ့သည်။ ပထမဆုံး သဘောတူသူက ဂျန်ရှီ ဖြစ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

လီဇီမု၏ အဖွဲ့သား လူငယ်များသည်ပင် ဂျန်ရှီကို မယုံနိုင်စွာ ကြည့်လျက် အံ့အားသင့်ကုန်၏။

ဂျန်ရှီနှင့် လီဇီမုကြားမှ မလိုမုန်းတီးခြင်းကို သူတို့ ကောင်းကောင်း သိထားကြသည်။ ဂျန်ရှီက မတတ်သာသည့်အဆုံး ဝါးတောအုပ်အတွင်းမှာ သူ့ကိုယ်သူ ပုန်းအောင်းနေခဲ့ရသည်။ အတော်ကြာအောင် ထွက်မလာခဲ့ချေ။ လီဇီမုက ဂျန်ရှီကြောင့် ဖြစ်လာသော အဖြစ်အပျက်ဖြင့် လူတိုင်း၏ သနားခြင်းကို ရရှိအောင် ကြိုးစားတာ မရပ်တန့်ခဲ့ပေ။ ထိုနှစ်ယောက်က အငြိုးမပြေသော ရန်သူများဖြစ်ကြောင်း သူတို့ သိထားကြ၏။

သို့ပါလျက် ဂျန်ရှီက လီဇီမုကို လက်ခံရန် သည်လိုမျိုး ဖန်ဂျင်ကို ပြောပေးသတဲ့လား။

တခြားလူငယ်များက အင်မတန် အံ့အားသင့်ကုန်၍ ခေါင်းရှုပ်သွားကြသည်။

ဂျန်ဝုရှီက ဖန်ဂျင်အား တစ်ချက် ကြည့်လိုက်သည်။ လက်မခံလို၍ ပယ်ချလိုသော စကားက ဖန်ဂျင့် ပါးစပ်ဖျားမှ ပြန်ဝင်သွားသည်။ သူက ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ကြိုးစားယူ၍ လီဇီမုကို ပြောလာ၏ မင်း ငါတို့နဲ့ လိုက်ခဲ့လို့ ရတယ်၊ ဒါပေမဲ့ မင်းပါးစပ်ပိတ်ထားရင် အကောင်းဆုံးပဲ၊ မဟုတ်ရင် ငါ မင်းကို လိပ်ပြာသားရဲစာ ကျွေးရလိမ့်မယ် ကျေးဇူးမသိတတ်သော လူမိုက်ကို ဖန်ဂျင်က လက်မခံလိုပေ။ သို့သော် ဂျန်ရှီ၏ အေးစက်စက် အကြည့်ကို သူ မလွန်ဆန်နိုင်၍ လက်ခံပေးလိုက်ရသည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora