၂၈၃။ “ပဉ္စမရိုက်ချက် - ၅”
မုချန်ကို မလိုမုန်းထားလို့ တိမ်ဖုံးတောင်ထွတ်သို့ ခေါ်ဆောင်လာခဲ့သည့် ဂျန်ဝုရှီက လတ်တလော ခဲချန်ဂျုအတွက် တုန်လှုပ်ချောက်ချားစရာ ဖြစ်လာခဲ့သည်။
လူငယ်၏ အရည်အချင်းနှင့် အပ်ပျံကို တိကျစွာ ပစ်ခတ်နိုင်ခြင်းက သူနှင့် တန်းတူတွင် ရှိသည်။
ဒါက ဘယ်လို ဖြစ်နိုင်မှာတဲ့လဲ။
ခဲချန်ဂျု၏ အဆိပ်အပ် လက်နက်ပုံး ပစ်ခတ်ခြင်းကို ရပ်တန့်စေနိုင်သူ မရှိခဲ့ပေ။ အမူမဲ့ အမှတ်မဲ့ နေသည့် ရန်သူများကို လျှို့ဝှက်စွာ ပစ်လိုက်လျှင်, အဆင့်မြင့် ကျွမ်းကျင်ပညာရှင်များကိုပင် အနိုင်ယူနိုင်ခဲ့သည်။ သို့ပါလျှက် သူက သည်နေရာမှာ မလောက်လေးမလောက်စား လူငယ်၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ရသလော။
ဂျန်ဝုရှီ လုပ်ဆောင်ခဲ့တာက အမှန်တရား ဖြစ်နေတာကို သူက တွေးမိသည်။
“ခင်ဗျားက တကယ်ပဲ... ငါ့ကို ရွံ့ရှာစက်ဆုပ်စေတယ်။” တစ်ချိန်လုံး တိတ်ဆိတ်စွာ ရပ်နေသည့် ဂျန်ဝုရှီက မျက်မှောင်ကုတ်သွားသည်။ သူမရှေ့မှ ခဲချန်ဂျုက သူမ၏ အရင်ဘဝမှ နာမည်တစ်ခုကို ရှာဖွေတွေ့ရှိစေခဲ့သည်။ သူက ပြောမပြတတ်အောင်ပင် ရက်စက် ကြမ်းကြုတ်လွန်းသည်။ သူတို့လို လူများကို အသက်ရှင်သန်ခွင့် ပေးလို့ မရပေ။
ထိုအေးစက်သည့် အကြည့်အောက်တွင်, ခဲချန်ဂျုက ခြေထောက်မှ စ၍ ကိုင်းနေသည့် သူ့ခန္ဓာကိုယ်အထိ အေးစက်ခြင်းကို ခံစားမိသည်။
ကလေးငယ်တစ်ယောက်မှ သူ့အား တုန်လှုပ်စေနိုင်သည့် အကြည့်က သူ့ကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
“ကောင်စုတ်လေး, တော်တော် ပါးစပ်သရမ်းနေတယ်ပေါ့၊ မင်း ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိဘူး၊ တိမ်ဖုံးတောင်ထွတ်ထဲ ခြေလှမ်းဝင်လိုက်တာနဲ့ အသက်ရှင်ရက် ပြန်ထွက်ဖို့ မစဉ်းစားတော့နဲ့” ခဲချန်ဂျုက သတ္တိမွေး၍ တကော်ကော် ပြောလိုက်သည်။ ကလေးငယ်နှစ်ယောက်က ဒီမှာ သူ့အား မွှေနှောက်ဖျက်ဆီးနိုင်မည်လို့ သူက မယုံကြည်ပေ။