၆၂၈။ မြှူဆွယ်ခြင်းလော-၂
ထွက်ခွာသွားသော ဂျန်ဝုယောင်း၏ ကျောပြင်ကို ဂျန်ဝုရှီ စူးစိုက် ကြည့်ပြီး ထိုင်ခုံတွင် တိတ်ဆိတ်စွာ ထိုင်ချသည်။ သူ့လက်မောင်းကြားတွင် ကြောင်နက်လေး ရှိသည်။
မိုးကောင်းကင်အောက်မှာ, ဒီလိုပုံစံမျိုးနဲ့ မိစ္ဆာနတ်ဘုရင်ကို ပြောရဲတာ နင်တစ်ယောက်တည်းရှိတယ်လို့ ငါ ထင်တယ်။ ကြောင်နက်လေးက ပြောသည်။
(ဂျန်ဝုယောင်းအား အစားပြန်ရအောင် ပြောခြင်း, တောင်းပန်ခိုင်းခြင်းက လုံးဝ ရဲတင်းသော လုပ်ရပ် ဖြစ်သည်။)
ဂျန်ဝုရှီ သတိမပြုမိတာ ဖြစ်နိုင်သည်။ သို့သော် ဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ကျောက်ချူ, ဖေးယန်, ရောင်းရူ, ဟွာယောင်း, ဖန်ဇို သူတို့အားလုံးက ဂျန်ဝုယောင်းရှေ့တွင် ကြောင်ရှေ့ရောက်သော ကြွက်လိုမျိုး ဖြစ်ကုန်သည်။ အသက်ပင် ပြင်းပြင်း မရှူဝံ့ကြချေ။
ဂျန်ဝုယောင်းက ဝါးတောအုပ်လေးမှာ နှစ်ပတ်နီးနီး နေထိုင်ခဲ့သည်။ ဖန်ဂျင်က အလွန် ထုံထိုင်းသည်။ ကြောင်နက်လေး ကြည့်ပင် မကြည့်နိုင်သဖြင့် သူ့မျက်လုံးကို အမြဲတမ်း သူ့လက်ဖဝါးများဖြင့် ကာထားရသည်။ သူက လွဲလို့ ဖန်ဇိုသည်လည်း ဂျန်ဝုယောင်းအား နေ့စဉ် သာမန်အလုပ်တာဝန်ကိုပင် မပေးဝံ့ချေ။ ဖန်ဇိုက ရုတ်ချည်းပင် သတိထားပြီး တံမြက်စည်းကိုင်၍ နေ့တိုင်း ကိုယ်တိုင်သာ လှည်းကျင်းသည်။ ဝါးတောအုပ်လေးမှာ ဂျန်ဝုယောင်းအား လက်လေးတစ်ချောင်းပင် နေ့စဉ် တာဝန်အတွက် မခွင့်မပေးခဲ့ပေ။
ဆေးမီးဖို ပျက်စီးသွားစေတာနှင့် ပတ်သက်လို့ တခြားလူသာဆိုလျှင် အကျိုးဆောင်တာဟူ၍ပင် သတ်မှတ်သွားလိမ့်မည်။
စကားတစ်ခွန်းမျှပင် မကျေမနပ် ပြောဆိုရဲမည် မဟုတ်ပေ။ ထိုသို့ ဖျက်ဆီးသည့်အတွက် အားရဝမ်းသာပင် အော်ဟစ်ကြွေးကျော်မိလိမ့်မည်။
သို့သော် ဂျန်ဝုရှီက မတူပေ။ အသစ်အစားထိုးပေးတာကိုသာ သူမ လိုအပ်သည်။
ဆက်ဆံမှုက အဲသလောက် ကွဲခြားသည်။
ငါ ဒီနေရာမှာ မြှောက်လွန်းသွားသလား ဂျန်ဝုရှီက မျက်မှောင်ကြီး ကုတ်၍ မေးသည်။
