၂၆၈။ "တိမ်ဖုံးတောင်ထွတ် - ၄"

979 77 0
                                    

၂၆၈။ “တိမ်ဖုံးတောင်ထွတ် - ၄”

လူငယ်များက တိမ်ဖုံးတောင်ထွတ်သို့ ဝင်ရောက်လာကတည်းက တုန်လှုပ် ချောက်ချားနေကြသည်။ သူတို့က တန်ဖိုးကြီး ရှားပါး ဆေးဖက်ဝင် အပင်ခင်းကြီးကို နေရာစုံမှာ တွေ့လိုက်လျှင် ပိုလို့ပင် အံ့ဩကုန်သည်။ သူတို့က ပတ်ပတ်လည်ကို စတင်၍ စူးစမ်းကြည့်ကြသည်။ သူတို့ တွေ့ဖူးသည့် ဆေးပင်များကို နာမည်ဖော်ပြော၍ တိမ်ဖုံးတောင်ထွတ်ကို အထင်ကြီး အားကျသွားကြသည်။ သူတို့က တိမ်ဖုံးတောင်ထွတ်တပည့်များကို “အသိပညာကြွယ်ဝသူများ”ဟူ၍ မှတ်ချက်ချကြသည်။

ကလေးကလားဆန်သူ ကျပ်မပြည့်သူများဟူ၍သာ သူတို့ကို ဂျန်ဝုရှီက သရုပ်ဖော်နိုင်တော့သည်။ သူတို့က သတ်ဖြတ်ခြင်းလမ်းမသို့ ရောက်နေသည့် သိုးသူငယ်များ ဖြစ်နေကြတာကို မသိရှာကြချေ။

တိမ်ဖုံးတောင်ထွတ် တပည့်က သူတို့ကို သူတို့ နေထိုင်ရမည့် ဌာနသို့ ဦးဆောင်ခေါ်သွားသည်။ တိမ်ဖုံးတောင်ထွတ်က ဒုတိယအကြီးဆုံး တောင်ထွတ်ဖြစ်သည်နှင့် အညီ တပည့်များနေရာများက အလွန်အမင်း ကျယ်ပြန့်ပြီး တပည့်အများစုက ခေါင်းများငုံ့ကာ ကြီးများကျယ်ပြန့်သည့် ခြံဝန်းအတွင် ဖြတ်လျှောက်နေကြသည်။ သူတို့က အသစ်ရောက်လာသည့် တပည့်များကို စိတ်ဝင်စားဟန် နည်းနည်းလေးပင် မပြသကြချေ။

တိမ်ဖုံးတောင်ထွတ်က တပည့်များကို ကောင်းကောင်းမွန်မွန် ဆက်ဆံပုံရသည်။ တပည့်များအတွက် သီးသန့် တစ်ခန်းစီ စီမံပေးထားကြသည်။ ချင်ယွဲ့၏ တပည့်များသည်ပင် ထိုကဲ့သို့ အခွင့်အရေးမျိုးကို မရရှိကြချေ။ သူတို့က တစ်ခန်းမှာ နှစ်ယောက်တန်သည် သုံးယောက်တန်သည် မျှဝေ နေထိုင်ကြရသည်။

သူတို့၏ အခန်းများသို့ လျှောက်လှမ်း ဝင်သွားကြရင်း လူငယ်အုပ်စုက ရွှင်မြူးတက်ကြွလို့ နေကြသည်။ သူတို့နေရာက သက်သောင့်သက်သာ နေထိုင်လို့ ရသည့် နေရာများ ဖြစ်နေကြသည် မဟုတ်လော။ သူတို့က သူတို့၏ အလှည့်အပြောင်းကြောင့် ကံကောင်းခြင်းများကို တွေးတောလို့ နေကြသည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora