၇၉၆။ လေညင်းကျောင်းတော် နောက်တစ်ကြိမ် တိုးတက်လာခြင်း (၅)
ရှီလေး, မင်း ဘယ်လို စဉ်းစားထားလဲ ဖန်ဇိုက နောက်ဆုံးတွင် ဂျန်ဝုရှီအားသာ ဆုံးဖြတ်ချက် ချခိုင်းလိုက်သည်။ ဂျန်ဝုရှီ၏ ပရိယာယ်များက မည်သည့် ကြီးကြီးမားမား ပြဿနာကိုမျှ မဖြစ်စေခဲ့ပေ။
ဂျန်ဝုရှီက ဖန်ဇိုနှင့် တခြားသူများကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ဖန်ဇို ပြောသမျှအရာအားလုံးကို သူမ အရင်က သဘာဝကျကျ သုံးသပ်ထားသည်။ သို့သော် ဖန်ဇို ပြောလာသဖြင့် သူတို့၏ အခု အကောင်းဆုံး ရွေးချယ်မှုက လေ့ချန်နှင့် ချိတ်ဆက်ခြင်းပင်။ တကယ်တော့ လေ့ချန်က သူတို့အတွက် ပထမဆုံး ခြေလှမ်း စတင်လာခဲ့သူ မဟုတ်လော။ ဒုက္ခပေးသော ကင်းထောက်များကို ဟန့်တားဖို့ပဲ ဖြစ်စေ, မြေပုံရှာဖွေရာမှာ လွယ်ကူစေဖို့ပဲ ဖြစ်စေ, လေ့ချန်နှင့် ချိတ်ဆက်လိုက်ခြင်းက သူတို့အတွက် ရွေးချယ်စရာမှန်း သိသာထင်ရှားသည်။
ငါတို့ အဲအတိုင်း လုပ်ကြတာပေါ့ ဂျန်ဝုရှီက ခေါင်းညိတ်လျက် ပြောသည်။
ဒါဆို ငါတို့ အခု အိမ်ရှေ့စံဆီ သွားဖို့ လိုသလား ကျောက်ချူက မေးသည်။ လေ့ချန်နှင့် တွေ့ခဲ့သည့် နှစ်ကြိမ်စလုံး ဂျန်ဝုရှီက လေ့ချန်အား အေးစက်စက်ဖြင့် မထူးခြားသလို ဆက်ဆံခဲ့မှန်း သူ မှတ်မိထားသည်။
ဂျန်ဝုရှီ ခေါင်းယမ်းပြလိုက်သည်။
သူကိုယ်တိုင် ငါတို့ကို ကမ်းလှမ်းဖို့ ငါတို့ တံခါးဝဆီ လာလိမ့်မယ်။
လေ့ချန်က ထာဝရအမိုးခုံးတည်းခိုအိမ်သို့ ဝိညာဉ်ကုစားခြင်း နည်းစနစ်ကြောင့် ဦးစားပေးအနေဖြင့် လာခဲ့တာ ဖြစ်လျှင်, ကျောက်ချူတို့၏ ထူးခြားလွန်းသော စွမ်းရည်ပြသပြီးနောက်, လေညင်းကျောင်းတော်က ဆုတ်ယုတ်ပင် ဆုတ်ယုတ်သွားသော်ငြား အလွန့်အလွန် တန်ဖိုးရှိသေးမှန်း သူ ချက်ချင်း သဘောပေါက်မှာ ဖြစ်သဖြင့် ဒီလို အခွင့်အရေးမျိုးကို လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။
ဂျန်ဝုရှီ၏ သုံးသပ်ချက်အတိုင်း မကြာခင်မှာ ဖြစ်လာလေ၏။
ပါရမီရှင်များကို ကင်းထောက်နေသော လူများ, အင်အားစုအသီးသီးမှ လူများနှင့် အရေးကိစ္စများကို ဖြေရှင်းရင်း ဖန်ဂျင်က အလုပ်ရှုပ်နေတုန်း ဖြစ်သည်။ ထိုစဉ် အိမ်ရှေ့စံ၏ ရထားလုံးက တဖြည်းဖြည်း မောင်းနှင်းလာလျက် ထာဝရအမိုးခုံးတည်းခိုအိမ်၏ တံခါးဝရှေ့တွင် ရပ်တန့်သွားသည်။ လေ့ချန်က ရထားလုံးမှ ဆင်းလာပြီး ထာဝရအမိုးခုံးတည်းခိုဆောင် အတွင်းရှိ ပြည့်ကျပ်နေသော လူအုပ်ကြီးကို မျက်စိဝေ့ ကြည့်လိုက်သည်။
