၃၄၇။ "ရှင်သန်ဖို့ တိုက်ခိုက်ပါ - ၃"

743 63 1
                                    

၃၄၇။ “ရှင်သန်ဖို့ တိုက်ခိုက်ပါ - ၃”

မျက်စိတစ်မှိတ်အတွင်းမှာပင်,အမူးသမားကြာပန်းမှ လွဲ၍ လူတိုင်းက ဝိညာဉ်စွမ်းအား ပေါက်ကွဲမှုကြောင့် အဝေးသို့ လွင့်စင်ကုန်၏။

“မင်းတို့ မလောက်လေး မလောက်စား ကောင်တွေမှာ ငါ့ကို သတ်ဖို့ လုံလောက်တဲ့ စွမ်းအား ပိုင်ဆိုင်မထားကြဘူး။” အဖြူရောင်ဝတ်စုံရှင်က အေးစက်စက် ရယ်သည်။ သူက ဒေါသအိုး ပေါက်ကွဲနေသည်။ သူ့လက်ဝါးဖြင့် အမူးသမားကြာပန်း၏ ဝမ်းဗိုက်ကို တစ်ချက် ရိုက်ထည့်လိုက်သည်။ အမူးသမားကြာပန်း၏ မျက်နှာက  မချိမဆံ့နာကျင်မှုကြောင့် တွန့်လိမ်သွားသည်။ ဝိညာဉ်စွမ်းအားက အမူးသမားကြာပန်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး နောက်တစ်ခဏတွင်, အမူးသမားကြာပန်း၏ ခန္ဓာကိုယ်၏ ပျော့ကျသွားပြီး လှုပ်ရှားခြင်း မရှိတော့ပေ။ အမူးသမားကြာပန်းအား ဝိုင်းရံနေသည့် အပြာရောင်မီးလျှံများကလည်း ပျောက်ကွယ်သွားကြပြီး သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ရွှေရောင် အလင်းအဖြစ်သို့ ပျံ့ကျဲလာသည်။ ဆိုးရွားစွာ ပျက်စီးနေသည့် ဆီးနှင်းကြာပန်းအဖြစ်သို့ အဖြူရောင်ဝတ်စုံရှင်လက်ထဲမှာပင် ပြောင်းလဲလာသည်။

ညှိုးခြောက်လာသည့် ဆီးနှင်းကြာပန်းကို ဂျန်ဝုရှီ၏ ခန္ဓာကိုယ်ထဲသို့ ပစ်ပေါက်လိုက်ရင်း, အဖြူရောင်ဝတ်စုံရှင်က နှာခေါင်းရှုံ့လိုက်သည် “ငါ မင်းတို့အားလုံးကို စဉ်းစားလို့တောင် မရနိုင်တဲ့ နာကျင်ခြင်းကို ပို့ဆောင်ပေးမယ်။”

ဂျန်ဝုရှီက မြေပြင်ပေါ်တွင် လဲနေသည်။ သူမက ရွှေ့နိုင်သည့် အစွမ်းပင် မရှိတော့ဘဲ အားနည်းချည့်နဲ့စွာ အမူးသမားကြာပန်းကို ကြည့်နေမိသည်။ အမူးသမားကြာပန်းက သူမ ပါးနားမှာ ဒလိမ့်ကောက်ခွေး ဖြစ်နေသည်။ သူက အပြစ်အနာအဆာမရှိ ဖြူစင်သည့် ပန်းတစ်ပွင့်ဖြစ်သည်။ စင်းလုံးချော လှပခြင်းဖြင့် တောက်ပြောင်နေသင့်သည်။ အခုတော့ ဝမ်းနည်းဖွယ်ရာ ညှိုးနွမ်းခြောက်သွေ့နေလေပြီ။ ထို့ပြင် သူ၏ ပန်းပွင့်ချပ်တစ်ဝက်ကိုလည်း ဆုံးရှုံးသွားရလေပြီ။ သူက အချိန်မရွေး ပျက်စီးသွားမည့်ပုံ ပေါ်နေသည်။

ပါရမီရှင်သမားတော်(၂)Où les histoires vivent. Découvrez maintenant