၆၆၄။ ချောက်နက် အောက်ခြေမှာ (၂)

444 41 0
                                    

၆၆၄။ ချောက်နက် အောက်ခြေမှာ (၂)

ချန်လင်း တစ်မြို့လုံး မွှေနှောက်၍ ရှိသမျှ ဝိညာဉ်မီးလုံးများကို ဝယ်ယူလာရန် မုကွိုင်ဖန်အား သူမ ပြောကြားခဲ့သည်။

ဝိညာဉ်မီးလုံးများက တန်ဖိုးကြီးမားလွန်းသဖြင့်, ၎င်းမီးလုံးများကို နေရာအနည်းငယ်ကသာ သိုမှီးထားသည်။ ချန်လင်းမြို့က ပျားပန်းခတ်မျှ ရှုပ်ထွေးနေသော်လည်း သူတို့၏ ဖောက်သည် အများစုက လေညင်းကျောင်းတော်သားများသာ ဖြစ်ကြသည်။ ထို့ကြောင့် တောင်းဆိုချက် နည်းပါးသော ပစ္စည်းများကို ရှာတွေ့ဖို့ ခက်ခဲလွန်းသည်။

မုကွိုင်ဖန်က ဝိညာဉ်မီးလုံး သုံးခုမျှသာ ဝယ်ယူနိုင်ခဲ့သည်။ ၎င်းမီးလုံးများကလည်း ချန်လင်းလေလံအိမ်တော်မှ ဖြစ်သည်။ သူ ပေးချေခဲ့ရသော တန်ဖိုးကား မြင့်မားလွန်းခဲ့သည်။

ဂျန်ဝုရှီက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကို အစုလိုက်အပြုံလိုက် သိမ်းဆည်းထားသည်။ ၎င်းကျောက်တုံးများကို သူတို့ တိုက်ပွဲတောအုပ်မှ ရှာဖွေစုဆောင်းခဲ့ခြင်း ဖြစ်သည်။ အလယ်အလတ်အဆင့်နှင့် အထက်ဖြစ်သော ဝိညာဉ်ကျောက်တုံးများကိုသာ လေလံအိမ်တော်က လက်ခံသဖြင့်, အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကို သူမ၏ စကြဝဠာအိတ်မှာ ပစ်ထည့်ထားခဲ့သည်။ သို့သော် အခု ၎င်းအဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများက အသုံးဝင်လာခဲ့လေပြီ။

ဝိညာဉ်မီးလုံးက ချောက်နက်အောက်ခြေရှိ အမှောင်ထုကို တွန်းဖယ်လိုက်သည်။ နေရာအနည်းငယ်ကို အလင်းရောင် ပျံ့နှံ့သွားသည်။

ဂျန်ဝုရှီ ပထမဆုံး ဝိညာဉ်မီးလုံးကို ထွန်းညှိပြီးနောက် ဟွာယောင်းနှင့် ရောင်းရူလည်း တခြားဝိညာဉ်မီးလုံးများကို တွန့်ဆုတ်ခြင်း မရှိ ထွန်းညှိလိုက်ကြသည်။

ဝိညာဉ်မီးလုံးသုံးခုမှ အလင်းရောင်က သူတို့ အနီးအနားကို လုံလောက်အောင် အလင်းပေးလေ၏။

ထို့နောက် သူတို့ တစ်ချက်ကြည့်လိုက်သည်နှင့် သူတို့အားလုံး အံ့အားသင့် ကြက်သေသေသွားကြသည်။

သူတို့ ခြေထောက်အောက်ရှိ မြေပြင်က ခိုင်ကြည်သော မြေပြင်သီးသန့်မှ မဟုတ်လေပဲ။

ပါရမီရှင်သမားတော်(၂)Onde histórias criam vida. Descubra agora