၄၆၉။ "ဆက်တိုက်ရိုက်ချက်၊ ဒုတိယပုံစံ-၃"

551 46 0
                                    

၄၆၉။ ဆက်တိုက်ရိုက်ချက်၊ ဒုတိယပုံစံ-၃

အသက်ကယ်ဆယ်ရေးက မီးကယ်ဆယ်ရေးလိုပင်။ ဖန်ဂျင်က မနှောင့်နှေး မကြန့်ကြာဝံ့ပေ။ သူက ဂျန်ဝုရှီတို့နှင့် အတူ ချက်ချင်း လှုပ်ရှား၍ အန္တရာယ်တင်းကြမ်းပြည့်နေသော တောအုပ်နေရာသို့ ဦးတည်လိုက်သည်။

ဖေးယန်က ဒဏ်ရာရနေသော ကျောင်းသားကို ကျော်ဖြတ်သွားပြီးနောက်, ခဏလောက် ရပ်လိုက်ပြီး ပင်ပန်းဟန်ဖြင့် မောပန်းတကြီး အသက်ရှူနေသော လူငယ်ကို လှည့်ကြည့်သည်။ လူငယ်က ဖေးယန် သူ့အား စိုက်ကြည့်နေတာကို သတိပြုမိ၍ သူ့အမူအရာ အေးစက်သွားရသည်။

တိုက်ဆိုင်လိုက်တာ... မင်းလည်း ဌာနခွဲကပဲ။ ဖေးယန်က အံ့အားသင့်ဟန်ဖြင့် ပြုံး၍ ကျောင်းသား၏ ရင်ဘတ်ပေါ်ရှိ ကျောက်စိမ်းဆွဲပြားကို လက်ညှိုးထိုးပြသည်။ လူငယ်က ရုတ်တရက် စိတ်သက်သာရာ ရသွားပြီး အားနည်းချည့်နဲ့စွာ ခေါင်းညိတ်ပြသည်။

ဖေးယန်က နောက်ထပ် အပို မပြောတော့ဘဲ ဟွာယောင်းတို့ကို အမီလိုက်သွားသည်။

ဒီတစ်ခါ ရှီလေး ဘယ်လို ကစားဖို့ စီမံနေတာလဲ ဖေးယန်က ရောင်းရူဘေးနားသို့ စွေ့ခနဲ ခုန်ဝင်သည်။ ရောင်းရူက သူ့ကို လှည့်ကြည့်သည်။ ထို့နောက် သူ့နှုတ်ခမ်းကို လက်ညှိုးဖြင့် ဖိကပ်၍ ပိတ်လိုက်သည်။ ဖေးယန်က အကျေနပ်ကြီး ကျေနပ်စွာ ပြုံးလိုက်သည်။

ဂျန်ရှီတို့ အဖွဲ့ တောအုပ်ထဲ ဝင်သွားတာကို မြင်ရပြီးနောက် သစ်ပင်ကို မှီ၍ လှဲနေသော ထိုကျောင်းသားက အားအင်အပြည့်ဖြင့် ပြန်ထလာသည်။ သူ့မျက်နှာက ကြောက်ရွံ့ခြင်း အမူအရာလည်း ချက်ချင်း ကွယ်ပျောက်၍ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ဖန်ဂျင် သူ့အား ပေးလိုက်သော အန္တရာယ်အချက်ပြမီးကိုလည်း မြက်တောထူထူထဲ လွှင့်ပစ်လိုက်သည်။ ထိုနေရာမှ မြက်များကား ထူထပ်စွာ ပေါက်နေ၏။

ထိုအန္တရာယ်တောအုပ်သို့ ဝင်ရောက်လာသည်နှင့် သွေးနံ့က သူတို့ နှာခေါင်းဝသို့ ထိပါးလာသည်။ ပိုမို၍ ပြင်းထန်သော အနံ့ကို ရလာသည်။ ဖန်ဂျင့်မျက်နှာက ပိုမို စိုးရိမ်သော အမူအရာ ဖြစ်လာသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now