၈၀၂။ အတွင်းသတင်း (၃)
ဂျန်ဝုရှီက ရုတ်တရက် ခေါင်းခါပြလိုက်သည်။
ဒီသတင်းကို လေ့ချန် သူကိုယ်တိုင် လွှင့်ထုတ်တာ မဟုတ်ဘူး။
မင်း ဘာကို ဆိုလိုတာလဲ ကျောက်ချူက မေးသည်။
ဂျန်ဝုရှီက ပြောသည် ဒီကိစ္စက တကယ်ပဲ လေ့ချန်ရဲ့ လက်ထဲမှာ ရှိတယ်၊ သံသယဝင်စရာ မလိုဘူး၊ ဒါပေမဲ့ ဒီသတင်းကို လေ့ချန်က ပေါက်ကြားစေခဲ့တာ မဟုတ်ဘူး၊ လေ့ချန်က လိပ်ပြာတိုက်ပွဲကနေ အဲဒီကျောင်းသားတွေကို ဖယ်ထုတ်ပစ်ချင်တယ်ဆိုရင်, ဖျင်းဖျင်းအအနဲ့ ကျောင်းသားရဲ့ မျက်နှာမှာ ဒဏ်ရာရအောင် လုပ်လိုက်စရာ မလိုပါဘူး၊ ပြီးတော့ ဒဏ်ရာတွေနဲ့ ထွက်လာတဲ့ ကျောင်းသားက တတိယအကျော့မှာ ငါ ပြိုင်ဆိုင်ရမဲ့ ကျောင်းသား၊ သူက နာမည်မရှိတဲ့ ကျောင်းတော်က ကျောင်းသားပဲ၊ လေ့ချန်ရဲ့ ရာထူးအာဏာနဲ့ဆိုရင်, သူက အဲကျောင်းသားကို ဒဏ်ရာရအောင် လုပ်စရာမှ မလိုတာ၊ သင့်တော်တဲ့ တံစိုးလာဘ်ဆောင် ပေးလိုက်ရုံပဲလေ၊ ဒါဆို အဲကျောင်းသား သူ့စကားကို နားထောင်သွားမှာပဲ၊ ဒါပေမဲ့ အဲအစား အဲကျောင်းသား မျက်နှာမှာ ဒဏ်ရာအပြည့်နဲ့ လူအားလုံးရှေ့မှာ ထွက်ပေါ်လာခဲ့တယ်၊ ဒါ အတော်လေး ဆန်းတယ်လို့ နင်တို့ မထင်ဘူးလား၊ ငါ ခန့်မှန်းတာသာ မမှားရင်, ဒီသတင်းကို လွှင့်ထုတ်တဲ့ လူက လေ့ချန်ရဲ့ ဂုဏ်သိက္ခာကို တမင်ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ရမယ်။
ဂျန်ဝုရှီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူမက ရန်တိုင်းပြည်၏ အတွင်းရေး ပြဿနာများကို တကယ်ပင် စိတ်မဝင်စားပေ။ သို့သော် လက်သည်တရားခံက သူ့လိုအင်ဆန္ဒပြည့်ဝဖို့ သူမ၏ အောင်မြင်မှုကို အသုံးချချင်နေသည်။ လေညင်းကျောင်းတော်ကိုပါ အတူတူ ဆွဲချပစ်ချင်နေသည်။
လေ့ချန်က ရန်တိုင်းပြည်တွင် အပြစ်အနာအဆာ ကင်းသလောက်နီးနီး ဂုဏ်သိက္ခာရှိသူ ဖြစ်သည်။ ဒီနှစ်အတွက် လိပ်ပြာတိုက်ပွဲကို အပြည့်အဝ တာဝန်ယူဖို့ သူ့အား လွှဲအပ်ခံထားရသည်။ ဒီနှစ် လိပ်ပြာတိုက်ပွဲအတွင်း ပြဿနာ ရုတ်တရက် ဖြစ်ပွားလာခဲ့လျှင်, လေ့ချန် နှစ်ပေါင်းများစွာ တည်ဆောက်ယူလာခဲ့ရသော ဂုဏ်သိက္ခာမှန်သမျှကို ကောင်းကောင်း ဖျက်ဆီးနိုင်သည်။
