၃၁၃။ “အကြောက်တရား ပျံ့နှံ့ခြင်း - ၄”
တိမ်တံခွန်တောင်ထွတ်အကြီးအကဲ နာမည်က ခေးရှောင်ဖြစ်သည်။ အသက်ငါးဆယ်ကျော်နေလေပြီ။ သူက ချင်ယွဲ့ အဓိပတိမဖြစ်ခင်ကပင်, ချင်းယန်ကလန်၏ အကြီးအကဲ ဖြစ်သည်။ သူ၏ စီနီယာကျမှုကြောင့် ခေးရှောင်က အတော်အတန် ဩဇာအာဏာရှိပြီး အကြီးအကဲများအကြား အလေးစားခံရဆုံးလည်း ဖြစသည်။ ချင်ယွဲ့သည်ပင် တစ်ခါတစ်ရံ သူ့စကားကို နားထောင်ရသည်။
ခဲချန်ဂျုက အတော်ရဲတင်းပြီး တိမ်တံခွန်တောင်ထွတ်သို့ တိုက်ရိုက်သွားလိမ့်မည်ဟု မည်သူမျှ တွေးမထားမိကြချေ။ မုတ်ဆိတ်ဖြူအဖိုးကြီး၏ ရှေ့မှာပင် ခဲချန်ဂျုက တပည့်နှစ်ယောက်ကို ရွေးကောက်သွားလေ၏။ သူတို့၏ ပိုင်စိုးပိုင်နင်းဆန်မှုက အကြီးအကဲအား ဒေါသထွက်လွန်းသဖြင့် မေ့လဲသွားစေသည်။
မာန်ထောင်လွန်းတယ်, အနိုင်ကျင့်လွန်းတယ်။
အရင်က မြူထူတောင်ထွတ် ကြုံခဲ့ရသည့် အဖြစ်ဆိုးက တိမ်တံခွန်တောင်ထွတ်တွင် ရက်အနည်းငယ်သာခြားပြီး ဖြစ်ပေါ်လာခဲ့လေပြီ။ ပိုဆိုးတာက အကြီးအကဲ ခေးရှောင် ငြင်းဆိုနေပါလျက် ခဲချန်ဂျုက တပည့်များကို ခေါ်ယူသွားခြင်း ဖြစ်သည်။ အကြီးအကဲတစ်ယောက်၏ ဩဇာအာဏာကို လုံးဝ အရေးမစိုက်သည့် သဘောဖြစ်သည်။
မြူထူတောင်ထွတ်၏ တပည့်များကို ခေါ်ယူသွားတုန်းက, တခြားအကြီးအကဲများ စဉ်းစားနေတာက အကြီးအကဲ၏ ကာကွယ်မှုမရှိသောကြောင့် ခဲချန်ဂျုက သူတို့ကို စိုးမိုးခြယ်လှယ်သွားရဲတာဟူ၍ ဖြစ်သည်။
သို့သော် တိမ်တံခွန်တောင်ထွတ်တွင် ဖြစ်သွားသည့် ကိစ္စမှာ ခဲချန်ဂျု၏ အနိုင်ကျင့်ခြင်းကို ထင်ထင်ရှားရှား မြင်နိုင်သည်။
သူတို့၏ အကြီးအကဲက ရှေ့မှာ ရှိနေပြီး ငြင်းဆိုနေခဲ့သည်။ သို့ပါလျက် ခဲချန်ဂျုက သူ့မျက်စိရှေ့အောက်မှာပင် တပည့်များကို ခေါ်ဆောင်သွားခဲ့သည်။ သူက တိမ်ဖုံးတော်ငထွတ်များကို သူပိုင်သလို ပြုမှုသွားသည်။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)