၃၄၄။ "လွှမ်းမိုးနိုင်လွန်းသော - ၇"

771 58 0
                                    

၃၄၄။ “လွှမ်းမိုးနိုင်လွန်းသော - ၇”

“ဘာလို့ ဒီလောက် ရုန်းကန်နေရတာလဲ၊ မင်းနဲ့ အတူ သူတို့ အားလုံး အသတ်ခံရတာထက် မင်းတယောက်တည်း သေရတာ ပိုမကောင်းဘူးလား၊ ဟုတ်တယ်မို့လား” အဖြူရောင်ဝတ်စုံရှင်က ပျော်ပျော်ရွှင်ရွှင် ပြောသည်။ သို့သော် သူ့မျက်လုံးများကတော့ ချက်ချင်းသေစေနိုင်သည့် အဆိပ်ရေထဲမှာ စိမ်မြုပ်နေသလို ဖြစ်နေသည်။

ဂျန်ဝုရှီက အံတင်းတင်း ကြိတ်လိုက်သည်။ သူမ ပြန်လည် မွေးဖွားလာခဲ့ကတည်းက ဒီလို ရှုံးနိမ့်ဖူးတာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။

သည်ထူးဆန်းသည့် ကမ္ဘာကြီးတွင် အဆင့်မြင့်ကျွမ်းကျင်ပညာရှင်များက ပေါများလွန်းကြသည်။ သူမ၏ အဆိပ်က အချိန်တိုင်း သူတို့အပေါ် အလုပ်မဖြစ်ချေ။

“သေမလား, ရှင်မလား, ဒါ ခင်ဗျားအလုပ်မဟုတ်ဘူး၊ ခင်ဗျား စွမ်းရင် သတ်လိုက်, ခင်ဗျား ဗလစ်လစ် ပြောမနေနဲ့” ကျောက်ချူက သူ့ကိုယ်သူ ရုန်းကန် ထလိုက်သည်။ သူ၏ မျက်နှာတစ်ခြမ်းက စုတ်ပြတ်နေသည်။ သွေးများက ဒဏ်ရာများမှ စီးကျနေသည်။ သူက သေချာပင် မမြင်ရတော့ပေ။ သို့သော် သူက အရှုံးမပေးဘဲ သူ့ကိုယ်သူ ဒရွတ်ဆွဲ၍ ဂျန်ဝုရှီဘေးသို့ ရောက်အောင် လာသည်။ သူက အားတင်းလာရသဖြင့် မောဟိုက်နေသည်။ သူက ဂျန်ဝုရှီ၏ ပခုံးပေါ်တွင် သူ့လက်ကို တင်ထားလိုက်သည်။

“ငါ အရင်က ပြောခဲ့တယ်လေ, ချင်းယန်ကလန်အတွင်းမှာဆိုရင်, ငါ မင်းကို စောင့်ရှောက်ပေးပါ့မယ်လို့, ငါတို့က အခုထိ တိမ်ထူတောင်ထွတ်မှာပဲ ရှိသေးတယ်မို့လား” ကျောက်ချူက တောင်ဆင်းလမ်းကို လက်ညှိုးထိုးပြသည်။ သူ့မျက်နှာက သွေးများဖြင့် ပေကျံနေသော်လည်း သူက ရုန်းကန်၍ ပြုံးပြသည်။

“ဆေးဖော်စပ်ရအောင် ငါတို့ ပြန်သွားကြမယ်လို့ သဘောတူထားကြတယ်မို့လား၊ မင်းလည်း ထွက်မသွားရသေးဘူး, ငါတို့လည်း ထွက်မသွားရ သေးဘူး” ဟွာယောင်းက သူ့ကိုယ်သူ ဒရွတ်ဆွဲ၍ သူတို့ဆီ လျှောက်လှမ်းလာသည်။ သူ့ပခုံးက ငေါထွက်ကာ ပျက်စီးနေသည်။ သူ့အရိုးကိုပင် သူ မထိန်းချုပ်နိုင်တော့ပေ။

ပါရမီရှင်သမားတော်(၂)Wo Geschichten leben. Entdecke jetzt