၇၈၂။ ညစာစားပွဲ (၉)

362 33 0
                                    

၇၈၂။ ညစာစားပွဲ (၉)

လေ့ယွမ်က စိတ်မရှည်စွာ မာန်မဲလိုက်သည် မင်း စကား မပြောတတ်ဘူးလား၊ ဖွတ်ချက် ဖွတ်ချက် လုပ်မနေနဲ့။

ကြည့်.... မြန်မြန်..... ကြည့်..... အစောင့်အရှောက်က ပိုမို၍ တုန်ယင်စွာ ပြောသည်။

လေ့ယွမ်က တောက်တစ်ချက် ခေါက်လိုက်ပြီး စိတ်မရှည်သည့် အကြည့်ဖြင့် ဥယျာဉ်ထဲ ကြည့်လိုက်သည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် သူ့မေးရိုးများ ပြုတ်ကျမတတ် ဖြစ်သွားပြီး သူ စကားမပြောနိုင် ဖြစ်သွားရသည်။

လမင်း၏ ငွေရောင်အလင်းအောက်တွင် သေးသေးကွေးကွေး လူငယ်လေးက တစ်ယောက်တည်းတည်း ရပ်တည်နေသည်။ ၎င်းလူငယ်ကို အစိမ်းရောင်ဝိညာဉ်စွမ်းအားများ ပတ်ရံနေလေ၏။ သိပ်သည်းသော ၎င်းအစိမ်းရောင် ဝိညာဉ်စွမ်းအားများက အထွတ်အထပ်ဆိုတာကို ပြသပြီး ဖြစ်သည်။ ၎င်းအစိမ်းရောင် ဝိညာဉ်စွမ်းအားများက တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ ထို့အတူ လေ့ယွမ်၏ နှလုံးသားမှ အမှုမထားခြင်းသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်လို့ လာသည်။

အစိမ်းရောင်.... အစိမ်းရောင် ဝိညာဉ်စွမ်းအား.... အားနည်းချည့်နဲ့သည်ဟူ၍ မှတ်ထင်ထားသော လူငယ်လေးကို မယုံကြည်နိုင်စွာ ကြည့်နေရင်း လေ့ယွမ်၏ မျက်လုံးများ ပန်းကန်ပြားလောက် ပြူးကျယ်သွားသည်။ မျက်လှည့်များ မြင်နေရသလားဆိုပြီး သူ့မျက်လုံးများကို သူ အမူမဲ့အမှတ်မဲ့ ပွတ်သပ်မိလိုက်သည်။

ဆယ့်လေးနှစ်.... အစိမ်းရောင်ဝိညာဉ်စွမ်းအား... ပြီးတော့.... အထွတ်အထိပ်... လေ့ယွမ်က အံ့အားတသင့် ဖြစ်သွားသည်။ ဆုတ်ယုတ်ကျဆင်းလာသည့် ကျောင်းတော်မှ တပည့်တစ်ယောက်က လက်ဖျားခါလောက်သော စွမ်းအားပိုင်ဆိုင်ထားတာကို သူ့အိပ်မက်ထဲမှာပင် မြင်တွေ့ရဖို့ သူ မျှော်လင့်မထားမိပေ။

ဒီလို အသက်အရွယ်မှာ ဒီလောက် ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသတဲ့လား... ဒါ အကန့်အသတ်ကို ကျော်လွန်သွားပြီ... ဒီလိုလူမျိုး ရှိသည်ဟု အရင်က မကြားစဖူး....

(ဒီကောင်လေးက လူသားတစ်ယောက်ရော ဟုတ်ရဲ့လား။)

ထိုအခိုက်မှာ လူငယ်လေးက စွမ်းအားကြီး ကျွမ်းကျင်ပညာရှင်မှ လူငယ်လေးလို ရုပ်ဖျက်ထားတာဟူ၍ပင် လေ့ယွမ်က ယုံကြည်မိချင်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now