၇၄၈။ မျှော်လင့်မထားသည့် အရာ (၂)

500 46 0
                                    

၇၄၈။ မျှော်လင့်မထားသည့် အရာ (၂)

နင် သင့်လျော်တဲ့ ပြိုင်ပွဲဝင်တွေကို ရွေးချယ်ပြီးပြီလား ဂျန်ဝုရှီက ‌မေးသည်။

ဖန်ဂျင်က ခါးသက်သက် ပြုံး၍ ခေါင်းခါလိုက်သည်။ ပြီးခဲ့တဲ့နှစ် ပြိုင်ပွဲဝင်တွေထဲက အတော်များများ မရှိကြတော့ဘူး၊ ဘယ်လောက်များများ ကျန်နေအုံးမှာလဲ, ငါလည်း မခန့်မှန်းတတ်တော့ဘူး။

ပြီးခဲ့သည့် နှစ်တုန်းက လူဝေဂျိုင်နှင့် နင်ရှင်းက လေညင်းကျောင်းတော်၏ ကိုယ်စားပြု တိုက်ပွဲဝင်များ ဖြစ်ကြသည်။ လူဝေဂျိုင်က နှင်ထုတ်ခံရပြီး နင်ရှင်းက သေဆုံးသွားသည်။ ကျန်ရှိသည့် ပြိုင်ပွဲဝင်များအနေဖြင့် သူတို့ ပြန်လာဖို့ မသေချာပေ။ သူတို့က အရည်အသွေးမြင့်မားသူများ ဖြစ်ကြသဖြင့် အောင်မြင်ပေါက်မြောက်ဖို့ လေညင်းကျောင်းတော်မှာသာ ရှိနေစရာ မလိုအပ်ပေ။ အခု လေညင်းကျောင်းတော်က နိမ့်ကျသည့် အနေအထားသို့ ရောက်ရှိသွားသဖြင့် ထိုကျောင်းသားများက တခြားကျောင်းများသို့ ပြောင်းရွှေ့ဖို့ စဉ်းစားကြလိမ့်မည်ဟူ၍ ဖန်ဂျင် သုံးသပ်မိသည်။

အခု ငါ စဉ်းစားမိတာက ငါပဲ ရှိတော့တယ်ဆိုတာပဲ ဖန်ဂျင်က ပခုံးတွန့်လျက် ပြောသည်။ သူ့ဖခင်က ကွယ်လွန်သွားလေပြီ။ ကျောင်း‌တော်က ဖရိုဖရဲ ဖြစ်ကျန်ရစ်ခဲ့သည်။ အခက်အခဲပေါင်းများစွာက အခု သူ့အပေါ်မှာ ပုံထပ်နေလေပြီ။ အသက်ရှူကျပ်လောက်သည့် ဖိအားက သူ့အား လွှမ်းမိုးလို့ လာလေပြီ။ သူ့အဖေ၏ ဆယ်စုနှစ်ပေါင်းများစွာ သွေးနှင့် ချွေးနှင့် ရင်း၍ ပြုစုခဲ့သော ကျောင်းတော်ကို ဘာမှ မဟုတ်သည်အထိ ဖြစ်ခွင့်မပေးလိုပေ။

ဂျန်ဝုရှီက မျက်ခုံးပင့်၍ သူမအပေါင်းအသင်းများအား လှည့်ကြည့်သည်။ သူတို့ အချင်းချင်း မျက်လုံးချင်း ကြည့်ကြ၍ အဖြေကို ရှာဖွေခြင်း ဖြစ်သည်။

နင် စိတ်ထဲမှာ ထည့်ထားတဲ့ လူတွေ မရှိရင်, ဒီမှာ ရှိတဲ့ ငါတို့ကို ထည့်သွင်းရေတွက်လိုက် ဂျန်ဝုရှီက တည်ငြိမ်စွာ ပြောသည်။

ဖန်ဂျင်က မယုံကြည်နိုင်ဟန်ဖြင့် ဂျန်ဝုရှီကို ကြည့်သည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora