၈၂၄။ သေဖို့ မတောင်းဆိုနဲ့ (၇)

312 29 0
                                    

၈၂၄။ သေဖို့ မတောင်းဆိုနဲ့ (၇)

ဇောင်းရွှမ် တကယ် ကြောက်လန့်သွားသည်။ ဒီလောက် နိုင်လိုမင်းထက် ပြုလုပ်တတ်သော လူငယ်ကို သူ တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။ သူက တကယ်ပင် မည်သည့် လှည့်စားခြင်းကိုမျှ ခွင့်မပြုပေ။ ကြမ်းတမ်းလွန်းသဖြင့် တခြား စံသွေသော အတွေးများ, လှုံ့ဆော်မှုများကို မည်သည့်အရာကိုမျှ စိတ်မကူးဝံ့သည့်အထိပင်။

ပြောတော့ ဂျန်ဝုရှီ၏ အေးစက်သော စကားသံ ထွက်လာသည်။

ဇောင်းရွှမ်က တုန်ယင်သွားပြီး သူ သိသမျှ အရာတိုင်းကို ပြန်ပြောပြသည်။

ဇောင်းရွှမ် ထုတ်ဖော်ပြောပြတာက.... သူက နောက်ပြိုင်ပွဲအတွက် မဲနှိုက်ပြီးနောက် သူတို့ ကျောင်းတော် တည်းခိုနေထိုင်သည့် တည်းခိုအိမ်သို့ ပြန်လာစဉ် အနက်ရောင်ဝတ်စုံရှင်နှင့် တွေ့ဆုံခဲ့သည်။ ထိုလူက သူ့အား ဖမ်းခေါ်လာရန် လူတစ်ချို့ကို အမိန့်ပေးခဲ့သည်။ ထိုလူ၏ ဇာစ်မြစ်နှင့် အဆင့်အတန်းကို ထင်ရှားစွာ မသိရပေ။ ထိုလူက ဇောင်းရွှမ်ကို သူ ပြောသည့်အတိုင်း လုပ်နေသမျှ, ဇောင်းရွှမ်၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးနိုင်ကြောင်း ပြောပြခဲ့သည်။

သူက ဘယ်သူလဲဆိုတာ ငါ့ မပြောပြခဲ့ဘူး၊ သူ့ကို သခင်ကြီးလို့သာ ခေါ်ခိုင်းတယ်၊ သူ အဆင့်မြင့် အဝတ်အစားတွေ ဝတ်ထားတာကိုတော့ ငါ တွေ့ရတယ်... ပြီးတော့... သူ့လက်အောက်ငယ်သားတွေက အဆင့်မြင့် စွမ်းအားရှင်တွေပဲ၊ သူက ငါ့ကို အိမ်ရှေ့စံရဲ့ မကောင်းသတင်းတွေကို ဖြန့်ခိုင်းထားတယ်၊ သူက ရာထူးအတော်မြင့်လိမ့်မယ်လို့ ငါ ယူဆထားတယ်.... ဇောင်းရွှမ်က ရိုးသားစွာ ပြောသည်။ သူက မည်သည့် ပရိယာယ်ဆင်တာကိုမျှ မလုပ်ရဲသည်အထိ အလွန် ကြောက်လန့်ခဲ့ရသည်။

သူက အစပိုင်းမှာ အနက်ရောင်ဝတ်စုံရှင်၏ မူရင်းဇာစ်မြစ်ကို သံသယဝင်ခဲ့သည်။ ရန်တိုင်းပြည်တွင် အိမ်ရှေ့စံနှင့် ဆန့်ကျင်ဘက်လုပ်ရဲသည့် လူက ရန်တိုင်းပြည်မှာ များများစားစား မရှိသည် မဟုတ်လော။ သို့သော် သူသာ သူ့အမိန့်ကို မနာခံလျှင် ပြီးခဲ့သည့် တိုက်ပွဲဝင် လူငယ်လိုပင် အဆုံးသတ်သွားမည့် ကံကြမ္မာကို လက်ခံရမည်မှန်း သူ သိသွားချိန်မှာ ဇောင်းရွှန်က နောက်ထပ် မစူးစမ်းတော့ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now