၉၁၃။ ရှုပ်ထွေးသော အကွက်ချကြံစည်မှု(၄)

195 19 0
                                    

၉၁၃။ ရှုပ်ထွေးသော အကွက်ချကြံစည်မှု(၄)

လေ့ချန်က ထိုင်ခုံသို့ လက်ဟန်ပြလိုက်သည် အရင်ဆုံး ထိုင်ကြပါအုံး၊ ကျုပ်တို့ အားလုံး ထိုင်ပြီးမှ ဖြည်းဖြည်း ပြောကြတာပေါ့။

ရှုံးဘနှင့် ချူလင်းယွဲ့က မဆိုင်းမတွ ထိုင်လိုက်ကြသည်။

ချူလင်းယွဲ့ ဒဏ်ရာရတာနဲ့ ပတ်သက်လို့, ခန်းမသခင်ရှုံး ဘယ်လို စဉ်းစားမိပါသလဲ လေ့ချန်က စူးစမ်းဟန်ဖြင့် မေးသည်။

လေ့ချန်က ဒီလို မေးခွန်းမျိုး မေးမည်ဟု မျှော်လင့်မထားသဖြင့် ရှုံးဘ အံ့အားသင့်သွားသည်။ ရှုံးဘက ချူလင်းယွဲ့ကို အတော်လေး မသက်မသာဟန်ဖြင့် ခဏလောက် ကြည့်လိုက်သည်။

ချူလင်းယွဲ့က အသုံးချခံအနေဖြင့် ဒုက္ခရောက်ခဲ့သည်။ သူက ထောင်ချီသားရဲမြို့တော်သား တစ်ယောက်အနေဖြင့် အလွန်အမင်း မနှစ်မြို့ခဲ့ပေ။ သို့သော် မီးတိုင်းပြည်၏ အဆင့်အတန်းနှင့် စွမ်းအားကြောင့် ပွင့်ပွင့်လင်းလင်း စစ်မကြေညာရဲပေ။

မီးတိုင်းပြည်၏ အိမ်ရှေ့စံက ဒီလိုမျိုး မေးလာသဖြင့် ရှုံးဘအနေဖြင့် တကယ်ပင် အဖြေရ ကျပ်ပေသည်။ မီးတိုင်းပြည်၏ အိမ်ရှေ့စံရှေ့မှာ သူက မီးတိုင်းပြည်ကို မည်သို့ အပြစ်တင် ပြောဆိုနိုင်မည်နည်း။

ရှုံးဘ၏ မလူးသာ မလွန့်သာ အခြေအနေကို တွေ့မြင်ရ၍ ချူလင်းယွဲ့က ဝင်ပြောလိုက်သည် အကိုကြီးရဲ့ မေးခွန်းက ငါ့ဦးလေးကို တကယ်ပဲ အဖြေရ ကျဉ်းကျပ်စေတယ်၊ ဒီအဖြစ်အပျက်ရဲ့ နောက်ကွယ်က အကြောင်းအရာအကုန်လုံးကို အကိုကြီး ကောင်းကောင်း သိပါတယ်၊ ဦးလေး ရှုံးဘကို စိတ်ထဲ ရှိတဲ့ အတိုင်း ပြောစေချင်ရင်တော့, ဒါက အတော် မဖြစ်နိုင်တဲ့ အနေအထားပဲ၊ အကိုကြီးက မီးတိုင်းပြည်ရဲ့ အိမ်ရှေ့စံဆိုတော့, ဦးလေးရှုံးဘက အဲသလိုသာ စိတ်ထဲ ရှိတဲ့ အတိုင်း ပြောလိုက်ရင်, ဘယ်လိုလုပ် သင့်တော်ပါ့မလဲ။

ချူလင်းယွဲ့က လေ့ချန်နှင့် အတော်အတန် ရင်းနှီးသူ ဖြစ်သည်။ သူမက လေ့ချန်ရှေ့မှာ စကားလုံးများကို ထိန်းချုပ်နေစရာ မလိုပေ။

လေ့ချန်က ကျယ်ကျယ်လောင်လောင် ရယ်လိုက်သည်။

ကျုပ် အတော်လေး ရိုင်းစိုင်းသွားတာပဲ၊ ကျုပ်ရဲ့ မေးခွန်းက ခန်းမသခင် ရှုံးကို ဒီလို မသက်မသာ အနေအထား ဖြစ်သွားစေတာပဲ၊ ဘာလို့ ဒီ့ပြင် နည်းလမ်းနဲ့ ဒီအကြောင်းကို မပြောနိုင်ရမှာလဲ၊ အခွင့်အရေး ပေးမယ်ဆိုရင်, ဒီမတရားမှုအတွက် တရားမျှတမှုကို ခင်ဗျား မရှာဖွေချင်ဘူးလား။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now