၄၂၃။ "သားရဲဝိညာဉ်ဌာန - ၂"

576 50 0
                                    

၄၂၃။ သားရဲဝိညာဉ်ဌာန - ၂

ကနေ့ မနက် အစောပိုင်း ငါ ပြောပြ သင်ကြားထားတာတွေက တကယ်ဆို အကုန်လုံး ပြီးစီးသွားပြီ၊ ထပ်ပြောစရာ မရှိတော့ဘူး၊ ဒါပေမဲ့ မွန်းလွဲပိုင်း အတန်းမှာ တပည့်သစ်တစ်ယောက် ရောက်လာလို့ ငါ အနည်းငယ် ထပ်ပြောရအုံးမယ်၊ မင်းတို့က သားရဲဝိညာဉ်ဌာနကို ရောက်လာပြီဆိုတော့ မင်းတို့ လိုက်နာမဲ့ သားရဲဝိညာဉ်ဌာနရဲ့ စည်းမျဉ်းတွေ ရှိတယ်၊ သားရဲဝိညာဉ်ဌာနရဲ့ တပည့်တစ်ယောက်အနေနဲ့ မင်းတို့အားလုံး သားရဲဝိညာဉ်ဌာန ဂုဏ်တက်စေဖို့ ကြိုးကြိုးစားစား လုပ်ဆောင်ကြရမယ်၊ ပြဿနာ လှည့်မရှာကြရဘူး၊ ပြဿနာရှာရင်တော့ ငါကိုယ်တိုင် အပြစ်ပေးရလိမ့်မယ်။

ပြီးတော့ ငါက မင်းတို့ကို နည်းပေးညွှန်ပြရမဲ့ ဆရာသာ ဖြစ်တယ်၊ မင်းတို့ရဲ့ အုပ်ချုပ်သူ မဟုတ်ဘူး၊ မင်းတို့ လေညင်းကျောင်းတော်ကနေ ထွက်သွားသည်အထိ နည်းပေးလမ်းပြ အမြဲတမ်း လုပ်ပေးနေတဲ့ တစ်ဦးတည်းသော သူသာ မင်းတို့ရဲ့ အုပ်ချုပ်သူပဲ။ ချင်းယွမ်ဟဲက စကားပြောနေရင်း အကြိမ်များစွာ ဂျန်ဝုရှီကို ဝေ့ဝဲကြည့်နေသည်။

ဂျန်ဝုရှီက အရင်လိုပင် မည်သည့် အမူအရာမျှ မပြသတာကို မြင်ရလျှင် သူ့နဖူးရေက ပိုမို၍ တွန့်သွား၏။

မင်းတို့ထဲမှာ တချို့က တခြားဆရာတွေနဲ့ အချိတ်အဆက် ရှိကြတယ်၊ ဒါပေမဲ့ ငါ ဂရုစိုက်နေမှာ မဟုတ်ဘူး၊ မင်းတို့က ဒီသားရဲဝိညာဉ်ဌာနကို ရောက်လာတာနဲ့ သားရဲဝိညာဉ်ဌာနရဲ့ တပည့်ဖြစ်သွားပြီ၊ အဲလိုမှ မတွေးရင် မင်းတို့ အခုကတည်းက ထွက်သွားသင့်တယ်၊ လူတိုင်းရဲ့ အချိန်ကို လာ မဖြုန်းတီးသင့်ဘူး၊ သားရဲဝိညာဉ်ဌာနက အသုံးမကျတဲ့ လူတွေကို မလိုအပ်ဘူး၊ တကယ်လို့ တစ်ယောက်ယောက်က မရိုးမဖြောင့် လုပ်လာမယ်ဆိုရင်, ကိုယ့်ဘာသာ ကိုယ် ပြန်စဉ်းစားဖို့ ငါ ပြောချင်တယ်။

ချင်းယွမ်ဟဲက နာမည်တပ်ပြီး မပြောသော်လည်း သူ့စကားများက ဂျန်ရှီကို တိုက်ရိုက် ပြောနေခြင်းပင် ဖြစ်ပြီး သွယ်ဝိုက်၍ ပြောဆိုဆုံးမနေခြင်းပင် မဟုတ်တော့ပေ။

တခြားလူငယ်များက ချင်းယွမ်ဟဲ၏ စကားကို ကြားရလျှင် သူတို့ဆရာကို သဘောကျနှစ်ခြိုက်သွားကြသည်။

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ