၅၁၇။ ဇွဲကောင်းစွာ လိုက်လာသူ-၈

608 49 0
                                    

၅၁၇။ ဇွဲကောင်းစွာ လိုက်လာသူ-၈

မဲ့မဲ့က အလွန်ဉာဏ်ကောင်းသူ မဟုတ်သော်ငြား, တိုက်ပွဲစွမ်းရည်ကား အတော် အထင်ကြီးစရာကောင်းသည်။ မဲ့မဲ့က အလွန်ချစ်စရာ လည်းကောင်းသော အိမ်မွေးတိရစ္ဆာန်ဖြစ်ပြီး အင်အားနှစ်ဆတက် သက်ရောက်မှု ရှိစေနိုင်သည်။ မဲ့မဲ့က ဂျန်ဝုရှီအတွက် အရမ်းကောင်းသော ပေါင်းစပ်အင်အားဖြစ်သည်။ သူမက ဇွဲကောင်းကောင်းဖြင့် စွမ်းအားနှင့် အင်အားကို လိုက်စားနေသူ မဟုတ်လော။

ထို့ပြင်...

မဲ့မဲ့ကို ကျွေးမွေးဖို့ သူမ အထူးကြောင့်ကြစိုက်စရာ မလိုပေ။ သူတို့ ရောက်ရှိသည့် နေရာတိုင်း မြက်ရှိလျှင် အဆင်ပြေနေလေပြီ။ မဲ့မဲ့က သဘောကျ ကျေနပ်နေလိမ့်မည်။

သူ့နာမည်က သခင်ကြီးမဲ့မဲ့တဲ့လား၊ နင် သူ့ကို နာမည်ပေးလိုက်တာလား ကျောက်ချူက မေးသည်။ သူ့မျက်နှာက မယုံကြည်နိုင် ဖြစ်နေ၏။

သူ ပြောတာ ဂျန်ဝုရှီက ပြန်ပြောသည်။

....... ဒါက ဘယ်လောက်တောင် မယုံကြည်ဖွယ်ကောင်းတဲ့ လိပ်ပြာသားရဲလဲ၊ ပုံစံပြောင်းနိုင်ရုံတင် မကဘူး, သူက ကိုယ့်ဘာသာလည်း နာမည်ပေးတတ်တာပဲ၊ ဒါပေမဲ့.... နာမည်က ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ။

အာ... ငါက အခု အတော်လေး အားကောင်းနေပေမဲ့, ဒါက အကောင်းကြီး မဟုတ်ဘူး၊ မဲ့မဲ့နဲ့ဆိုရင် ငါတို့ ဝိညာဉ်ကျောက်တုံးတွေကို ပူစရာ မလိုတော့ဘူးပေါ့ ကျောက်ချူက အတော် စိတ်ချယုံကြည်စွာ ပြောသည်။

ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးအတွက် တခြားလိပ်ပြာ သားရဲများကို နှိမ်နင်းတာက မုန်လာဥ လှီးသလောက် လွယ်ကူလိမ့်မည်။

သို့သော်ငြား... ကျောက်ချူက သူ အတော်လေး နုံအမှန်း သဘောပေါက်သွားသည်။

သာမန်စွမ်းအားသာ ရှိသော လိပ်ပြာသားရဲများက ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးနှင့် တွေ့ကြုံဖို့က ရာခိုင်နှုန်း သုညသာ ရှိသည်။ မဲ့မဲ့က တခြားလိပ်ပြာသားရဲများကို တစ်စက္ကန့်အတွင်း သတ်နိုင်သော်လည်း, တွေ့မှသာ ဖြစ်လိမ့်မည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora