၃၂၂။ "ပိုက်ကွန်ကို ရစ်သိမ်းခြင်း - ၁"

817 62 0
                                    

၃၂၂။ “ပိုက်ကွန်ကို ရစ်သိမ်းခြင်း - ၁”

မကြာခင်မှာပင်, ချင်းယန်ကလန်အတွင်း သတင်းတစ်ခု ပျံ့နှံ့လာသည်။ ခဲချန်ဂျုက တိမ်လှေခါးတောင်ထွတ်သို့ သွား၍ အင်အားသုံးကာ တပည့်တစ်ယောက်ကို အဓမ္မခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် တိမ်လှေခါးတောင်ထွတ် အကြီးအကဲ ဖြစ်သူ မုချန်က ဒေါသတကြီးဖြင့် တိမ်ဖုံးတောင်ထွတ်သို့ သူ့တပည့်ကို ကယ်တင်ရန် သွားခဲ့သည်။ သူက တိမ်ဖုံးတောင်ထွတ်မှ ပြန်ရောက်လာလျှင် ရုတ်တရက် ဖျားနာသွားခဲ့သည်။ အပူချိန်မြင့်တက်ပြီး လျော့ကျမသွားခဲ့ပေ။ ချင်ယွဲ့ကိုယ်တိုင် ကုသပေးသော်လည်း သုံးရက်ကြာပြီးတာတောင် အိပ်ရာမှ မထနိုင်သေးပေ။ အခြေအနေ ဆိုးဝါးနေဆဲပင် ဖြစ်သည်။

တိမ်ဖုံးတောင်ထွတ်မှ ပြန်လာပြီးနောက် ထိုသို့ ဆိုးရွားသည့် အခြေအနေသို့ ကျဆင်းသွားရသည်။ ဒါက ခဲချန်ဂျုက အဆိပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သုံးနိုင်ကြောင်းကို တခြားအကြီးအကဲများအား သိသာသွားစေသည်။ မုချန်နှင့် ခဲချန်ဂျုက ခါးခါးသီးသီး မုန်းတီးနေသူများ ဖြစ်ကြသည်။ ခဲချန်ဂျုက မုချန်အား သူ့တပည့်ကို ပြန်လည်ခေါ်ဆောင်ခွင့် ပြုဖို့ မုချန်က ခဲချန်ဂျု၏ တမင်တကာ မလိုမုန်းတီးစိတ်ဖြင့် အဆိပ်ခတ်တာကို ခံယူပါမှ ဖြစ်နိုင်လိမ့်မည်။ ထို့ကြောင့် မုချန်က ရုတ်တရက် ဖျားနာသွားရခြင်း ဖြစ်မည်။

တခြားအကြီးအကဲများကလည်း မုချန်က သူ့တပည့်ကို မည်သို့မည်ပုံ ပြန်လည် ခေါ်လာနိုင်ခဲ့သလဲ, အစတုန်းက အံ့ဩနေခဲ့ကြသည်။ သို့သော် အခု အကြောင်းပြချက်က ရှင်းလင်းသွားလေပြီ။

သည်သတင်းကြောင့် တခြားအကြီးအကဲများကလည်း ခဲချန်ဂျုကို နောက်တစ်ဆင့် မုန်းတီးသွားကြလေ၏။

ခဲချန်ဂျုက မုချန်အား မည်မျှလောက်ပင် မုန်းတီးနေပါစေ, မုချန်က ချင်းယန်ကလန်၏ အကြီးအကဲပင် ဖြစ်နေသေးသည် မဟုတ်လော။ သူတို့နှစ်ယောက်လုံးက အချင်းချင်း လေးစားရမည့် နေရာမှာ ရှိနေကြသည်မဟုတ်လော။ သို့သော် ခဲချန်ဂျုက အခု လွန်လွန်းသွားလေပြီ၊ သူက တွန့်ဆုတ်ခြင်းမရှိ မုချန်အား အဆိပ်ခတ်ခဲ့လေပြီ၊ ချင်းယန်ကလန်၏ အကြီးအကဲဆိုသည့် ရာထူးကို အရေးမစိုက်ကြောင်း ပြသခဲ့လေပြီ။

ပါရမီရှင်သမားတော်(၂)Tempat cerita menjadi hidup. Temukan sekarang