၇၂၃။ ရှစ်ခုမြောက် ရိုက်ချက် (၄)
ဖန်ဇို၏ ရုတ်တရက် ပေါ်ထွက်လာခြင်းကြောင့် လူအုပ်ကြီး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။
ဖန်ဇိုက ကျနေရောင်အတွင်းမှာ ရှေ့သို့ တက်လှမ်းလာလျှင် လူတိုင်းက သူ့အား မျက်လုံး အပြူးသားဖြင့် စူးစိုက်ကြည့်နေကြပြီး သူတို့ ပါးစပ်များ ဟောင်းလောင်း ပွင့်ကုန်သည်။
နင်ရူ မျက်နှာ ပျက်သွားသည်။ သူက အတော်ကြာအောင် ဖန်ဇိုအား ရှာဖွေရန် လူများစွာ စေလွှတ်ခဲ့သည်။ သို့သော် မထူးခြားခဲ့ပေ။ သူ မမျှော်လင့်ဆုံး အရာက ဒီလို အရေးပေါ် အခြေအနေမှာ ဖန်ဇို ရုတ်တရက် ပေါ်ထွက်လာမှာကို ဖြစ်သည်။
သူ အတော်နောက်ကျမှ ပေါ်ထွက်လာလျှင်, လေညင်းကျောင်းတော် သားများ ရထားလုံးများ စီး၍ ကျောင်းတော်မှ အားလုံး ထွက်ခွာသွားလောက်ပြီ ဖြစ်လိမ့်မည်။
အခု ဖန်ဇိုက လေညင်းကျောင်းတော်သားများ၏ ရှေ့မှောက်တွင် ရပ်တည်နေလေပြီ။ ဆွေးနွေးသံများ ငြင်းခုံသန်များက လူအုပ်ကြားမှာ ဝေါခနဲ ထွက်ပေါ်လာသည်။ လေညင်းကျောင်းတော်၏ စည်းမျဉ်းကို လူတိုင်း သိကြသည်။ ကျောင်းတော်၏ အမြင့်ဆုံး အာဏာက မိဘမှ သားသမီးသို့ ဆင်းသက်ခြင်းဟူသည့် စည်းမျဉ်း ဖြစ်သည်။ ဖန်ဂျင်က မွေးစားသား ဖြစ်သည်။ သို့သော် သူက ဖန်ချီအား သတ်သည့် လူသတ်သမား ဖြစ်သွားလေပြီ။ သူက သင့်တော်သော ဆက်ခံသူ မဟုတ်တော့ချေ။ တစ်ချိန်တည်းမှာပင် ဖန်ချီ၏ သားအရင်းဖြစ်သူ ဖန်ဇိုလည်း တိုက်တိုက်ဆိုင်ဆိုင် ပျောက်ဆုံးနေခဲ့သည်။ ရှာဖွေလို့ မတွေ့ခဲ့ပေ။ ထို့ကြောင့် နင်ရူက ကျောင်းအုပ်ကြီးလို ပြုမူခဲ့သည်။ လေညင်းကျောင်းတော်ရှိ သေးသေးကြီးကြီး ကိစ္စရပ်များအားလုံးကို သူ ထိန်းချုပ်ကိုင်တွယ်ခဲ့သည်။
သို့သော် အခု.... ဖန်ဇို ပြန်လာလေပြီ....
မျက်လုံးပေါင်းများစွာက နင်ရူအား သံသယဖြင့် လှည့်ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က ဖန်ဇိုအား ပြန်ကြည့်ကြသည်။ သူတို့အကြည့်က ဖန်ဇိုနှင့် နင်ရူအကြား လှည့်ပတ်သွားသည်။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)