၂၀၈။ "တိုက်ခိုက်ရေးသမား ကြာပန်း - ၁"

1.3K 87 0
                                    

၂၀၈။ “တိုက်ခိုက်ရေးသမား ကြာပန်း - ၁”

ဂျန်ဝုရှီ၏ မျက်လုံးများတွင် ဒေါသမုန်တိုင်းထန်သွားသည်။ ပန်းနှင့် သားရဲက ထွေးလိမ်နေကြသည် မဟုတ်လော။ သူမ၏ အေးစက်သည့် အကြည့်က အခန်းထောင့်ရှိ ဝိုင်ထားသည့် ဗီရိုသို့ ရောက်ရှိသွားသည်။ ၎င်းဗီရိုထဲတွင် ကျောက်စိမ်းဝတ်ရည်ကရားများကို အဆင့်ဆင့် စီထား၍ စနစ်တကျ အရင်က အပြည့်ထားရှိခဲ့သည်။ အခု အားလုံးက ရှုပ်ထွေးပွလန်နေလေပြီ။ ကရားအလွတ်များက ဗီရိုဘေးနားတွင် ပြန့်ကျဲနေကြသည်။ အင်မတန် တန်ဖိုးကြီးမားသည့် ကျောက်စိမ်းဝတ်ရည်များက ဖိတ်စင်ကျနေသည်။ ဝိုင်နံ့ပြင်းပြင်း ရရှိနေတာ အံ့ဩစရာမဟုတ်တော့ပေ။

သူမရှေ့မှ မြင်ကွင်းက သူမကို ပိုမို၍ ခက်ထန်အေးစက်သွားစေသည်။ မျက်လုံးများက အေးစက်ကာ ခြိမ်းချောက်နိုင်စွာ ကျဉ်းမြောင်းသွားကြသည်။

“သူတို့ကို ခွဲထုတ်လိုက်” ဂျန်ဝုရှီက ညင်သာစွာ ပြောသည်။

ဂျန်ဝုယောင်းက သူ့ပြောမှန်း သိ၍ ဘာမျှ ပြောမနေတော့ဘဲ တိုက်ပွဲကြားထဲ ခုန်ဝင်သွား၍ အမူးသမား ကြာပန်းလေးကို လက်မောင်းမှ ဆွဲကိုင်ထုတ်လိုက်သည်။

အမူးသမား ကြာပန်းလေးက သူ့ကိုယ်ရေးကိုယ်တာ လက်စားချေနေခြင်းကို အာရုံရောက်နေသဖြင့် ဂျန်ဝုရှီ ပြန်ရောက်နေတာကို သတိမပြုမိခဲ့ပေ။ ဂျန်ဝုယောင်း အနားရောက်လာမှ ခေါင်းမော့ကြည့်ပြီး အံ့အားသင့်သွားသည်။

သို့သော် သူ အရမ်း နောက်ကျသွားပြီမှန်း သဘောပေါက်သွားသည်။

အမူးသမား ကြာပန်းလေး ခေါင်းမော့လိုက်ချိန်မှာပင်, ဂျန်ဝုယောင်းက သူ့လက်များဖြင့် ကြာပန်းလေးပခုံးကို ပြုတ်တူများလို ကိုင်၍ ဖိနှိပ်ထားလိုက်သည်။ ဂျန်ဝုယောင်း၏ လက်များက အင်အားပြင်းထန်လွန်းသဖြင့် သူ့ပခုံးရိုးများ ကျိုးသွားမတတ် ဖြစ်သွားသည်။

“သောက်ခွေး” အမူးသမား ကြာပန်းက ကျိန်ဆဲသည်။ သူက သူ့ခန္ဓာကိုယ်ကို သွက်လက်စွာ လှည့်၍ ရင်ဆိုင်သည်။ ဂျန်ဝုယောင်း၏ တံဆောင်ဆစ်များကို သူက ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူက သူ့ခြေထောက်အားကို ယူ၍ ပြင်းပြင်းထန်ထန် တွန်းထုတ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now