၅၁၅။ ဇွဲကောင်းစွာ လိုက်လာသူ-၆

598 53 3
                                    

၅၁၅။ ဇွဲကောင်းစွာ လိုက်လာသူ-၆

ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးက ၎င်း၏ မေးရိုးကြီးကို အကျယ်ကြီး ဖွင့်၍ အနက်ရောင်သားရဲကြီးကို မိုးကောင်းကင် ပြိုကျလုမတတ် မာန်ဖီပြလိုက်သည်။

ဂါး................

ငါတို့တော့ သေပြီ။

ငါတို့ သေချင်းဆိုးနဲ့ သေပြီ။

ငါတို့ သေဖို့ပဲ ရှိတော့တယ်။

လူတိုင်း၏ စိတ်က ကစဉ့်ကလျား ဖြစ်သွားသည်။ ဂျန်ဝုရှီနောက် တကောက်ကောက် လိုက်နေသော သိုးငယ်လေးက သူတို့ တိုက်ခိုက်ခဲ့သော ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးတဲ့လား။

ငါ့ကို ပြောပြစမ်းပါအုံး... ဒါ တကယ် မဟုတ်ဘူးမို့လား...ကျောက်ချူ၏ ခြေထောက်များ ရုတ်တရက် ပျော့ခွေသွားသည်။ သူ လဲကျမသွားအောင် ဟွာယောင်း၏ ပခုံးကို ကိုင်ထားရသည်။

သိုးငယ်လေးက တကယ်ပဲ ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးပါလား။

မိုးကောင်းကင်က သူတို့ကို အရူးလုပ်တာလား။

သူ တကယ်ပဲလား... ကြမ်းကြုတ်သော ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးက အစောပိုင်း အချိန်တစ်ချို့ သူတို့နှင့် အေးဆေးစွာ နေခဲ့သည် မဟုတ်လော။

ဒါက တကယ့် ကိစ္စကြီးပဲ... အသက်ရှင်သန်ဖို့...

အလွန်တုန်လှုပ်သွားသူက ဂျန်ဝုရှီ ဖြစ်သည်။ သို့သော် သူမမျက်နှာမှာ ၎င်းတုန်လှုပ်ခြင်းကို လွန်လွန်ကဲကဲ ဖော်ပြမထားပေ။ သူမက လိပ်ပြာသားရဲကြီးကို စကားမပြောဘဲ စူးစိုက်ကြည့်နေသည်။ သူမ ဘာစဉ်းစားနေသလဲ, မည်သူမျှ မသိကြချေ။

သူတို့ထဲမှာ အလွန် စိတ်မချမ်းမသာ ဖြစ်နေသူက အနက်ရောင် သားရဲကြီး ဖြစ်သည်။

သူက သိုးငယ်လေးကို ထွက်သွားအောင် တာဝန်ထမ်းဆောင်ထားသူ ဖြစ်သည်။ လိပ်ပြာသားရဲကြီး၏ မာန်ဖီခြင်းကြောင့် တံတွေးများ သူ့တစ်ကိုယ်လုံး ပေကျံနေလေပြီ။

လိပ်ပြာသားရဲကြီး‌ ဖော်ထုတ်ထားသော အစွယ်က အနက်ရောင်သားရဲကြီး၏ ကိုယ်လုံးလောက် ကြီးမားသည်။ အစွယ်အပြင်သားက ချောမွေ့တောက်ပြောင်နေ၏။ အနက်ရောင် သားရဲကြီး စိတ်လွတ်သလို ဖြစ်သွားသည်။ ဒီတစ်ကြိမ် သူ့သခင်မလေး တကယ်ကို မဟုတ်တာ လုပ်မိပြီဟု သူ စဉ်းစားမိသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now