၈၀၅။ ရန်တိုင်းပြည်၏ အိမ်ရှေ့စံ (၂)
ဂျန်ဝုရှီနှင့် သူမအပေါင်းအသင်းများ အိမ်ရှေ့စံ၏ နန်းဆောင်တံခါးရှေ့သို့ ရောက်လာချိန်မှာ, လေ့ချန်က ထိုအပေါက်ဝမှာ ရပ်စောင့်နေခဲ့သည်။ သူ့ဧည့်သည်များကို ကြိုဆိုဖို့ အပေါက်ဝအထိ ရောက်လာရခြင်းက အိမ်ရှေ့စံအတွက် ကျိုးနွံ့မှု နှိမ့်ချမှု၏ သရုပ်သကန် ဖြစ်သည်။
သူတို့အုပ်စုက ဧည့်ခံစားပွဲမှာ ထိုင်ပြီးချိန်တွင် လေ့ချန်က ပြုံးလျက် ပြောသည် မင်းတို့အားလုံး ရှားရှားပါးပါး လာရောက်အားပေးလို့ အရက်ခွက်နဲ့ ဂုဏ်ပြုပါရစေ။ လေ့ချန်က ထိုသို့ ပြောပြီးသည်နှင့် အရက်ခွက်ကို ချက်ချင်း မြှောက်၍ သောက်လိုက်သည်။
ထို့နောက် သူ ပြန်ထိုင်လိုက်ပြီး သူက ဂျန်ရှီကို တောင်းပန်သည့်အနေဖြင့် လှည့်ကြည့်လိုက်သည်။
ညီငယ်လေး ဂျန် ဒီကို လာရခြင်း အကြောင်းပြချက်က ဘုရင့်နေပြည်တော်မှာ ဖြစ်နေတဲ့ ကောလာဟလတွေကြောင့်မို့လား လေ့ချန်က တုံးအသူ မဟုတ်ပေ။ ဂျန်ရှီတို့အုပ်စု လာရောက်ခြင်းမှာ အကြောင်းပြချက် မရှိဘဲ မဖြစ်နိုင်ပေ။
(လိပ်ပြာတိုက်ပွဲ တတိယအကျော့က ကနေ့မှာ ပြီးစီးသွားခဲ့သည်။ ဂျန်ရှီက သူ့ပြိုင်ဘက်များ လက်လွှတ်အရှုံးပေးသွားတာကို သုံးကြိမ်တိုင်တိုင် တွေ့ကြုံခဲ့ရသည်။ သူ့အား ခယဖို့ ကြိုတင်စီမံထားသည်ဟု ရုတ်တရက် အပြောခံလိုက်ရသည်။ အေးစက်၍ အမှီအခိုကင်းကင်း နေတတ်သော ဂျန်ရှီလို လူစားမျိုးအတွက် ဒီကိစ္စနှင့် ပတ်သက်ပြီး မပျော်မရွှင် ဖြစ်မှာ သေချာသည်။)
အဲဒါ အမှန်ပဲ ဂျန်ဝုရှီက အမူအရာ မပျက် ပြန်ပြောသည်။
လေ့ချန်က ခါးခါးသီးသီး ပြုံး၍ ပြန်ပြောသည် ငါ ဒီကိစ္စမှာ ဆုံးဖြတ်ချက် သတိလစ်ဟင်းသွားတယ်လို့ ဆိုလို့ ရတယ်၊ အစပိုင်းမှ ညီငယ်လေး ဂျန် အဆင့်အနည်းငယ် တိုးသွားဖို့ သက်သာလွယ်ကူအောင် လုပ်ပေးချင်ခဲ့တာ၊ ဒါပေမဲ့ အဲအစား ညီငယ်လေး ဂျန်ကို အခက်အခဲတွေ ဖြစ်စေခဲ့ပြီ။
လေ့ချန်က တကယ်ပင် တိုးတိုးတိတ်တိတ် ဂျန်ရှီနှင့် တိုက်ခိုက်မည့် သူများနှင့် တွေ့ခဲ့သည်။ သူက လေညင်းကျောင်းတော်၏ ဝိညာဉ်ကုစားဌာနကို မျက်စိကျခဲ့တာ တကယ်ပင် ကြာခဲ့လေပြီ။ ဝိညာဉ်ကုစားဌာန တပည့်များအကြောင်းကို သူ အတော်များများ ကြားဖူးခဲ့သည်။ သူ စုဆောင်းထားသည့် သတင်းအချက်အလက်များအရ, ဝိညာဉ်ကုစားဌာနမှ တပည့်များက ပုံမှန်အားဖြင့် သူတို့၏ ဝိညာဉ်စွမ်းအားများကို တိုးတက်မြင့်မားအောင် ကျင့်ကြံကြခြင်း မရှိကြချေ။
