၃၆၄။ "လူ့အရေပြား မြေပုံ - ၂"

642 46 1
                                    

၃၆၄။ လူ့အရေပြား မြေပုံ - ၂

အဲလူတွေက အမှောင်ဘုရင်ကြီးရဲ့ အုတ်ဂူကို ရှာဖွေရာမှာ သူတို့ ဘဝတစ်ခုလုံးကို ပေးဆပ်ခဲ့ကြတယ်၊ သူတို့ ခစားတဲ့ အင်အားစုတွေအတွက်ပေါ့၊ သူတို့ အသက်ရှင်နေစဉ်မှာလည်း ကျိန်ဆဲခံခဲ့ကြ, နှုတ်နဲ့ အနိုင်ကျင့်ခံခဲ့ကြရတယ်၊ သေသွားပြီးတော့လည်း ငြိမ်းငြိမ်းချမ်းချမ်း အနားမယူနိုင်ကြရဘူး၊ သူတို့က အညှဉ်းဆဲခံခဲ့ကြရပြီး သူတို့ စိတ်ဝိညာဉ်တွေတောင် လုံးဝ ဖျက်ဆီးခံခဲ့ကြရတယ်၊ သူတို့ မိသားစုတွေလည်း မလွတ်ကြဘူး၊ ချွင်းချက်မရှိ အသတ်ဖြတ်ခံလိုက်ကြရတယ်။ ကျောက်ချူက သည်အဖြစ်အပျက်ကို ပြောပြပြီးနောက် ကျယ်လောင်စွာ ရယ်သည်။ ဂျန်ဝုရှီကို ကြည့်နေသည့် သူ့မျက်လုံးများမှာ မျက်ရည်များ စိုရွှဲနေကြသည်။

မင်းက အဲလူတွေကို အရမ်း နုံအတယ်လို့ ထင်လိမ့်မယ် မဟုတ်လား၊ အမှောင်ဘုရင်ကြီးရဲ့ အုတ်ဂူကို မလေးမစား မလုပ်နိုင်ဘူးဆိုတာကို သူတို့အားလုံး သိကြတယ်၊ ဒါပေမဲ့ သူတို့ လုပ်ခဲ့ကြရတယ်၊ သူတို့ ခစားတဲ့ အင်အားစုတွေအပေါ် မျက်ကန်း သစ္စာစောင့်သိမှုကြောင့် မိသားစုအားလုံး အသတ်အဖြတ်ခံခဲ့ကြရတယ်၊ နန်းတော် ၁၂ခုက အမှောင်ဘုရင်ကြီးရဲ့ ရတနာတွေကို ရှာဖွေခဲ့ကြတာ၊ ဒါပေမဲ့ သူတို့က သစ္စာဖောက်ဖျက်မှုအတွက် တာဝန်ခံမှု လုံးလုံး မရှိကြဘူး၊ အဲဒီ လူအနည်းငယ်ကို ကြားခံအနေနဲ့ အသုံးချခဲ့ကြတာ၊ အဲလူတွေက နန်းတော် ၁၂ခုရဲ့ လှည့်စားမှုထဲ ကျဆင်းသွားရလို့ တကယ်ပဲ နုံအခဲ့ကြတယ်။

ဂျန်ဝုရှီက စကားအားလုံးကို တိတ်ဆိတ်စွာ နားထောင်နေသည်။ ကျောက်ချူက ရယ်သည်။ သူ့ကိုယ်သူ လှောင်ပြောင်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မျက်ရည်များ တရဟော စီးဆင်းကျလာသည်။

ဆရာသာ အချိန်မီ ရောက်လာပြီး ငါတို့လေးယောက်ကို ဒီအထိ ကယ်ထုတ်မလာခဲ့ရင်, ငါတို့ဆိုတာ ဒီမှာ အခု ရှိနေနိုင်မှာ မဟုတ်ဘူး၊ ဆရာက ငါတို့ကို ကယ်တင်ပြီး ဒီအောက်ဘုံကို လာရတာ အရမ်း စွန့်စားခဲ့ရတာ၊ ဒီနေရာမှာ သူက ငါတို့ကို စွမ်းအား တိုးတက်အောင် သင်ကြားပေးခဲ့တယ်၊ အခွင့်ကောင်း စောင့်နေဖို့ ငါတို့ရဲ့ မူရင်းဇာစ်မြစ်တွေကို ဖုံးကွယ်ထားခဲ့ကြတယ်၊ ငါတို့မိသားစုတွေ အစုလိုက် အသတ်ခံခဲ့ချိန်မှာကတည်းက ငါတို့ အသက်တွေကို စွန့်လွှတ်ခဲ့ကြပြီးသား၊ ငါတို့အားလုံးကို မောင်းနှင်နေတဲ့ တစ်ခုတည်းသော အရာက နန်းတော် ၁၂ခုကို လက်စားချေဖို့ပဲ၊ တခြားတပည့်တွေကို မတိုက်ခိုက်ဖို့ ငါတို့ ဆရာက တားမြစ်ထားခဲ့တယ်၊ ဒီတော့မှ ငါတို့ မူရင်း ဇာစ်မြစ်တွေ မပေါက်ကြားကြမှာ၊ နို့မိုဆို ငါတို့ ပျက်စီးကိန်း ကြုံကြရလိမ့်မယ်၊ ဒါ့ကြောင့် ရှီလေး.... သူ့ကို အပြစ်မတင်ပါနဲ့၊ သူသာ မရှိရင်, ငါတို့က အခုထိ အသက်ရှင်နေကြမှာ မဟုတ်ဘူး။ ကျောက်ချူက မျက်ရည်များကို သုတ်ပစ်၍ သူ့ခံစားချက်များကို တွန်းထုတ် ဖယ်ရှားလိုက်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now