၅၄၆။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ကျောက်တုံး-၃

585 51 0
                                    

၅၄၆။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ကျောက်တုံး-၃

တန်ဖိုးကြီး ဝတ်ဆင်ထားသော လူက နောက်တစ်ကြိမ် သက်ပြင်းချ၍ ပြောသည် နည်းပေမဲ့ မရှိတာထက် စာရင် ပိုကောင်းတာပေါ့၊ မင်း လိုအပ်တာကို အရင်ဆုံး ယူထားလိုက်ပါကွာ။

သို့သော်ငြား ထိုဒဏ်ရာဗရပွနှင့် လူက ခေါင်းယမ်းသည် တစ်သိန်းက လုံလောက်မှာ မဟုတ်ဘူး၊ ဒါ အသက်ဆယ်ချောင်းစာအတွက် ပြောနေတာပါကွာ၊ သူတို့က ငါနဲ့ သေအတူ ရှင်မကွာ လက်ချင်းချိတ်ထားတဲ့ ညီအကိုတွေ၊ ငါ ဘယ်တော့မှ မလုပ်နိုင်ဘူး...ဘယ်လို လုပ်နိုင်ပါ့မလဲ... ငါ ဈေးမြှင့်မပေးနိုင်ရင်, သူတို့မိသားစုတွေကို ပိုက်ဆံ လွှဲပေးနိုင်မှာ မဟုတ်ဘူး၊ နောက်ဘဝရောက်ရင်, ငါ့ညီအကိုတွေကို ဘယ်လို မျက်နှာပြရမလဲကွာ။

ထိုလူက စကားပြောနေရင်း နှလုံးခုန်မြန်လာကာ သိသိသာသာ တုန်ယင်သွားသည်။ သူ၏ စုတ်စုတ်ပြတ်ပြတ် ခန္ဓာကိုယ်တွင် အမြဲတမ်း တည်ရှိနေသော နာကျင်မှုက ကြမ္မာငင်သော နေ့တွင် ဖြစ်ပျက်ခဲ့သမျှကို မပြတ်တမ်း အမှတ်ရစေသည်။

သူတို့ လူပေါင်း ၁၁ယောက် မိုးကောင်းကင်အဆုံး ချောက်နက်ထဲသို့ ဆင်းသွားကြသည်။ ၁၁ယောက်ကြီးများတောင် ဖြစ်သည်။ နောက်ဆုံး သူတစ်ယောက်တည်းသာ အသက်ရှင်လျက် ပြန်တက်လာနိုင်ခဲ့သည်။ သူ့ရောင်းရင်းမိတ်ဆွေများက ကြောက်စရာကောင်းသော ထိုနေရာမှ မဆုတ်ခွာနိုင်ခဲ့ကြချေ။ သူတို့၏ သက်မဲ့ခန္ဓာကိုယ်များကိုပင် သူ ပြန်လည် မသယ်ယူနိုင်ခဲ့ပေ။ သူတို့ မိသားစုများကို စိုးရိမ်ကြောင့်ကြမှု မရှိဘဲ အသက်ရှင်သန် နေထိုင်နိုင်ဖို့ သူ မစီမံပေးနိုင်လျှင်, သူက သားရဲတိရစ္ဆာန်ထက် ဆိုးရွားသူ ဖြစ်သွားလိမ့်မည်။

ဒီကျောက်နက်တုံး အပိုင်းအစက သူတို့ ၁၁ယောက်၏ သွေးများဖြင့် ပြည့်နှက်နေသည်။ ၎င်းကျောက်နက်တုံးကို အသက်ဆယ်ချောင်းဖြင့် လဲလှယ်၍ ယူဆောင်ခဲ့ရသည်။

သူတို့ ၁၁ယောက် ချောက်နက်ထဲသို့ ဆင်းကြပြီး တစ်ယောက်တည်းသာ အသက်ရှင်လျက် ကျောက်နက်တုံးဖြင့် ပြန်တက်လာနိုင်သည်။ သူတို့ ဒီကျောက်နက်တုံးကို ချောက်နက် အပေါ်သို့ ရောက်အောင် မြှောက်တင်ပေးခဲ့ကြသည်။

ပါရမီရှင်သမားတော်(၂)Hikayelerin yaşadığı yer. Şimdi keşfedin