၅၀၅။ ဆက်တိုက်ရိုက်ချက်၊ စတုတ္ထပုံစံ-၅

577 43 0
                                    

၅၀၅။ ဆက်တိုက်ရိုက်ချက်၊ စတုတ္ထပုံစံ-၅

ဖန်ဂျင် ခေါင်းညိတ်လိုက်သည်။ ထို့‌နောက် သူက လူဝေဂျိုင်ကို လှည့်ကြည့်သည်။ လူဝေဂျိုင့်မျက်နှာက ကြောက်ရွံ့ခြင်းကြောင့် လုံးလုံး ဖြူရော်နေ၏။ သူက နည်းနည်းလေးမျှ မတုံ့ဆိုင်းရဲဘဲ အန္တရာယ်အချက်ပြမီးကို ထုတ်၍ ချက်ချင်း လွှင့်တင်လိုက်သည်။ ထိုခဏမှာ ကောင်းကင်ယံက မီးပန်းများ ပေါက်ကွဲ၍ လင်းလက်သွားသည်။ တောအုပ်အတွင်း သစ်ပင်များအကြားမှ တိုးတက်၍ တဖောင်းဖောင်း အသံက ပဲ့တင်ထပ်သွားသည်။

အန္တရာယ်အချက်ပြမီး ပေါက်ကွဲ၍ လင်းလက်သွားချိန်မှာ ထိုကျောင်းသားများ အားလုံး စိတ်သက်သာသွားကြသည်။ သူတို့က ဒီတစ်ခေါက် အမဲလိုက်ပွဲမှာ အသန်မာဆုံးသော အဖွဲ့ဖြစ်သည်။ အခု သူတို့က တောထဲမှ ဆုတ်ခွာသွားနိုင်ဖို့ မျှော်လင့်လျက် အန္တရာယ်အချက်ပြမီး တောက်ပလင်းလက်သွားတာကို ကြည့်နေမိကြသည်။

ပထမရဖို့လည်း သူတို့ မတွေးကြတော့။ အသန်မာဆုံးဖြစ်ဖို့လည်း မလိုလားကြတော့ချေ။

သူတို့ အသက်ရှင်သန်ရေးမှ လွဲ၍ မည်သည့် အရာမျှ အရေးမကြီးတော့ချေ။

မင်းတို့တွေ ဒီမှာ ကျန်နေရစ်ပြီး သူတို့ကို စောင့်ကြည့်ထားကြ၊ သူတို့ ဆုတ်ခွာဖို့ ကြိုးစားရင် သတ်ပစ်လိုက်။ လောင်ချီက ဘာမျှ မလုပ်ဘဲ ဒီနေရာမှာ စောင့်ဆိုင်းမနေလိုပေ။ လောင်ချီက ဒဏ်ရာပြင်းထန်သော စစ်သားနှင့် နောက်ထပ် စစ်သားနှစ်ယောက်ကို လူဝေဂျိုင်တို့အုပ်စုကို စောင့်ကြည့်ရန် ချန်ထား၍ သူတို့ ရေဝိညာဉ်မြက်ကို ရှာဖွေရန် လဝိညာဉ်ရေကန်သို့ ဦးတည်လိုက်ကြသည်။

လဝိညာဉ်ရေကန် ပတ်လည်တွင် အရာရာက ပန်းချီကားတစ်ချပ်လို ငြိမ်သက်အေးချမ်းနေသည်။ တောအုပ်ထူထူအတွင်းမှာ အန္တရာယ်တွေ့နိုင်ချေက မြင့်မားလွန်းသည်။ ဒီလို လိုက်ဖက်လွန်းစွာ ငြိမ်သက်အေးချမ်းသော နေရာက အနက်ဆုံး ငရဲမှ တက်လာ၍ သွေးစွန်း၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသို့လည်း ပုံစံပြောင်းသွားနိုင်သည်။

ဖန်ဂျင်နှင့် အဖွဲ့က တစ်ဖက်တွင် ပတ်ပတ်လည် စောင့်ကြည့် စစ်ဆေးသည်။ ရုတ်တရက် လိပ်ပြာသားရဲများ တိုက်ခိုက်လာလျှင် တားမြစ်နိုင်ဖို့ ဖြစ်သည်။ ဂျန်ဝုရှီနှင့် တိမ်လှေခါးတောင်ထွတ် တပည့်သုံးယောက်က ရေဝိညာဉ်မြက်ကို ရှာဖွေ၍ နှုတ်ယူကြသည်။

ပါရမီရှင်သမားတော်(၂)Onde histórias criam vida. Descubra agora