၈၅၄။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော် (၁၀)

296 24 0
                                    

၈၅၄။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော် (၁၀)

အခု ချူလင်းယွဲ့ရဲ့ အခြေအနေက ဘယ်လိုတဲ့လဲ ဂျန်းယင်းလောင်က စိုးရိမ်တကြီး မေးလိုက်သည်။

သမားတော်ကြီး လီ၏ မျက်နှာက ဖြူဖပ်နေသည်။ သူက စကားပြောဖို့ ပါးစပ်ဖွင့်ရန်ပင် ရည်ရွယ်ချက်ရှိပုံ မရပေ။

သို့သော်ငြား တစ်ဖက်တွင် ရပ်နေသည့် သမား‌တော် တစ်ယောက်က အံ့အားသင့်ဟန်ဖြင့် မျက်မှောင်ကြုတ်ကာ စ၍ ပြောလာသည် မမလေး ချူရဲ့ ဒဏ်ရာက..... သွေးကြောစမ်းသပ်ကြည့်လိုက်တော့ သူ့ဒဏ်ရာတွေက အပြည့်အဝ ပြန်ကောင်းသွားပြီ၊ သွေးဆုံးရှုံးသွားတာလောက်နဲ့ သတိလစ်နေတာလောက်ပဲ ကျန်တော့တယ်...

ဘယ်လို ဂျန်းယင်းလောင် အံ့အားသင့်သွားသည်။ သူ့နားကိုပင် သူ မယုံနိုင် ဖြစ်သွားသည်။

ချူလင်းယွဲ့က သွေးထွက်လွန်တာလောက်ပဲ ကျန်တော့တယ်... ဒါပေမဲ့ ဒါပေမဲ့.... သူမ ဒဏ်ရာအကြီးအကျယ် ရခဲ့တယ်လို့ ခင်ဗျားတို့အားလုံး ပြောခဲ့တယ် မဟုတ်ဘူးလား။

သမားတော်၏ မျက်နှာက လုံးလုံး နားမလည်ဟန်ဖြင့် ပြည့်နှက်နေသည်။ ဒါ အမှန်လို့ ထင်တာပဲ၊ အစောပိုင်း ငါတို့ မမလေးချူရဲ့ သွေးကြောကို စမ်းသပ်ခဲ့တုန်းက, မမလေးချူရဲ့ သွေးကြောက အလွန် ဗရမ်းဗတာ ဖြစ်နေတာ၊ ဒါပေမဲ့ ဒုတိယအကြိမ် သွေးကြောစမ်းလိုက်တော့ သူမ အတွင်းဒဏ်ရာတွေ မှန်သမျှ ပြန်ကောင်းသွားတဲ့ ပုံပဲ၊ ငါတို့ရဲ့ နှစ်ပေါင်းများစွာ ဆေးပညာအတွေ့အကြုံအရ, လူနာတစ်ယောက်ရဲ့ သွေးကြောစမ်းသပ်ချက် ဒီလို ဖြစ်ဖူးတာ ဒါ ပထမဆုံး အကြိမ်ပဲ။

သေမလို ဖြစ်နေသည့် လူနာက နောက်တစ်ခဏလေးမှာပင် ပုံမှန်လူနှင့် မခြားနားဘဲ ရုတ်တရက် ဖြစ်သွားသည်။ အပြင်လူများကိုသာ ဒီအကြောင်းကို ပြောပြလျှင်, အလွယ်တကူ ယုံကြည်လို့ ရနိုင်မည် မဟုတ်ပေ။

ဂျန်းယင်းလောင်က ခဏလောက် အံ့အားသင့် မှင်သက်သွားပြီး ရုတ်တရက် ဂျန်ဝုရှီ၏ လုပ်ရှားဆောင်ရွက်ပုံကို မှတ်မိသွားသည်။ သူက ချက်ချင်းပင် ဂျန်ဝုရှီထံသို့ အပြေးအလွှား လာ၍ မေးလိုက်သည် မမလေး ဂျန်, ဒါက မင်းရဲ့ နှလုံးပေါင်းစည်းဆေးလုံးမို့လား။

ပါရမီရှင်သမားတော်(၂)Opowieści tętniące życiem. Odkryj je teraz