၈၄၄။ အကွက်ချ ဖမ်းဆီးခြင်း (၅)
ဂျန်ဝုရှီက ရုတ်တရက် ခေါင်းမော့၍ ထိုအခိုက်မှာ အတွေးနက်နေသော ဟွာယောင်းကို ကြည့်လိုက်သည်။
အကိုဟွာ, နင့်ရဲ့ ပြိုင်ပွဲတွေ အားလုံး ပြီးဆုံးသွားပြီလား။
ဟွာယောင်း ခေါင်းညိတ်ပြလိုက်သည်။ ကနေ့ ပထမတိုက်ပွဲကွင်းပြင်ရှိ မျှော်လင့်မထားသော အဖြစ်အပျက်မှ တပါး, တခြားတိုက်ပွဲကွင်းပြင်ရှိ ပြိုင်ပွဲမှန်သမျှကို ဆက်လက်ကျင်းပကြသဖြင့် တိုက်ပွဲကွင်းပြင် ကိုးခုရှိ အနိုင်ရရှိသူများကို ဆုံးဖြတ်ပြီး ဖြစ်သည်။ ဟွာယောင်းတို့ ငါးယောက်က ထိပ်တန်းအဆင့်တစ်ဆယ်ထဲမှာ လွယ်လွယ်ပင် ပါဝင်လာကြသည်။
ထိပ်တန်းအဆင့်တစ်ဆယ်ကို အဆင့်သတ်မှတ်မဲ့ ရက်က ဘယ်တော့လဲ ဂျန်ဝုရှီက ထပ်မေးသည်။
ငါးရက်ကျန်သေးတယ်ဟွာယောင်း ဖြေလိုက်သည်။
ငါးရက်လား... ဂျန်ဝုရှီက မျက်လုံးများ အောက်စိုက်၍ ချက်ချင်းပင် ထရပ်လိုက်သည်။ သူမက ထောင်တိုင်များရှိရာသို့ သွား၍ သူမ၏ ဆံပင်များနောက်ဘက်တွင် ထိုးထားသော ငွေရောင်ပင်အပ်လေးကို ဆွဲထုတ်လိုက်သည်။ သူမက အပြင်ဘက်တွင် ချိတ်၍ ခတ်ထားသော သော့ခလောက်သို့ လက်လှမ်း၍ ၎င်းပင်အပ်ကို သော့အိမ်အတွင်းသို့ ထည့်၍ တဂျစ်ဂျစ် ထိုးလှည့်လိုက်သည်။
ကလစ်ဆိုသည့် အသံနှင့် အတူ တံခါးသော့က ခဏလေးဖြင့် ပွင့်သွားလေ၏။
အပြင်ဘက်တွင် ရပ်နေကြသော ကျောက်ချူတို့ ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြသည်။ သူတို့က အံ့ဖွယ်အရာကို တွေ့လိုက်ရသလို ဂျန်ဝုရှီ၏ သော့ဖွင့်အရည်အချင်းကြောင့် တုန်လှုပ်သွားကြသည်။
ရှီလေး, မင်း ဘယ်တုန်းက သော့ဖွင့်အရည်အချင်းကို သင်ယူထားတာလဲ ကျောက်ချူ မေးလိုက်သည်။ သူတို့က သော့ခလောက်ကို အားသုံးဖွင့်ရန် ကြံရွယ်ထားကြသည်။ ဂျန်ဝုရှီကတော့ အလွန်တည်ငြိမ်စွာ ငွေရောင်အပ်လေး ဖြင့်သာ သော့ဖွင့်ပစ်လိုက်သည်။
မိတ်ဆွေတစ်ယောက်ဆီကနေ သင်ထားတာ ဂျန်ဝုရှီက ငွေရောင်ပင်အပ်လေးကို ဆံထုံးထဲ ပြန်ထိုး၍ ဝှက်ထားလိုက်သည်။ သူမက သော့ဖွင့် အရည်အချင်းကို တစ်ယောက်ယောက်ဆီမှ သင်ယူထားခဲ့သည်။ ၎င်းအရည်အချင်းကြောင့် သူမက အဖွဲ့အစည်းအတွင်းသို့ သူမ အလိုရှိတိုင်း ဝင်နိုင် ထွက်နိုင်ခဲ့သည်။ သူမ ဒီကမ္ဘာမှာ ပြန်လည် မွေးဖွားလာပြီးနောက် ဒီအရည်အချင်းက ဒီလို အသုံးဝင်လာလိမ့်မည်ဟူ၍ မတွေးမိခဲ့ပေ။