၈၃၂။ တောင်းပန်ပါတယ်, ဒါ ကျုပ်အလှည့်ပါ (၇)
ဘုရင့်နန်းတော်တွင်း ဘုရင့်စာကြည့်ခန်း၏ မြင့်မားသော စားပွဲနောက်တွင် လက်ရှိဘုရင်ကြီး ထိုင်နေသည်။ သူက သူ့စားပွဲရှေ့တွင် ဒူးထောက်ခစားနေသော ဝတ်စုံနက်လူကို စူးစိုက်ကြည့်နေသည်။ သူက ဒေါသထွက်လွန်းသဖြင့် မျက်နှာနက်မှောင်နေလေ၏။ သူ့လက်ထဲမှာ သတင်းစာလွှာ ရှိနေသည်။ ၎င်းသတင်းစာလွှာက နေပြည်တော်အတွင်း ထိုနေ့အဖြစ်အပျက်များ ကောလာဟလများ အပြောင်းအလဲများကို ရေးသားထားသည်။
ဒီကိစ္စကို တကယ်ပဲ ကောင်းကောင်းဖြေရှင်းလိုက်တာပဲ, ဟုတ်တယ်မို့လား, ဟမ် ဘုရင်ကြီး၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ၎င်းသတင်းလွှာဖြင့် ဝတ်စုံနက်ဝတ်လူကြီး၏ မျက်နှာသို့ ပစ်ပေါက်လိုက်သည်။
ဝတ်စုံနက်ဝတ်လူကြီးက ကြမ်းပြင်ပေါ် ဒူးထောက်နေရာမှ နည်းနည်းလေးပင် မလှုပ်ရှားချေ။ ဖြေရှင်းချက်စကားကိုလည်း တစ်ခွန်းမျှ မပြောရဲပေ။
ဒီကိစ္စကို ဖြေရှင်းဖို့ မင်းကို တာဝန်ပေးထားလိုက်တာ၊ မင်း ဘယ်လို လုပ်လိုက်တာလဲ၊ ဒါက ဘယ်လို သဘောလဲ၊ ဒါက ဘာတဲ့လဲ၊ ဟွဝမ်ကျောင်းတော်သားက ဘာလို့ တိုက်ပွဲကွင်းပြင်မှာ ပေါ်လာရတာလဲ၊ ဂျန်ရှီဆိုတဲ့ ကောင်လေးက သူ့ရဲ့ အစိမ်းရောင်ဝိညာဉ်စွမ်းအားကို တစ်ချက်တည်းနဲ့ ထုတ်ဖော်ပြလိုက်ပြီ၊ ဒါက အရင်က အရာအားလုံးက အလိမ်အညာတွေချည်းဆိုတာကို ပြောလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား၊ အရင်က ကိစ္စတွေ အကုန်လုံး ဟာသဖြစ်မသွားဘူးလား။
ဒီကိစ္စကို ဒီလိုမျိုး ပေါ်ပေါက်အောင် မင်းတို့ ငမိုက်သားအုပ်စု လုပ်လိုက်တာပဲ၊ မင်းတို့အုပ်စုက ဟွဝမ်ကျောင်းတော်က ကောင်ကိုတောင် လမ်းမကြီးပေါ် လူအုပ်ကြားထဲမှာ ထွက်ပြေးလို့ ရအောင် လုပ်လိုက်တာပဲ၊ ပြီးတော့ တွေ့ကရာပေါက်ပမ်းဈေးစကားတွေကိုတောင် ပြောခွင့်ပေးလိုက်သေး၊ ငါ ဒီကိစ္စကို အရေးမစိုက်ဘူးလို့ မင်းတို့အားလုံး ထင်နေကြတာလား၊ မင်းတို့ကောင်တွေ သေချာမလုပ်လို့ ဒီကိစ္စက မကောင်းသတင်း အကြီးကြီး ဖြစ်သွားပြီပေါ့။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)