၉၃၆။ အငှားလက်ဖြင့် ရိုက်ခြင်း၊ ဒုတိယပုံစံ(၆)

208 19 0
                                    

၉၃၆။ အငှားလက်ဖြင့် ရိုက်ခြင်း၊ ဒုတိယပုံစံ(၆)

အရှင်က အဲမိန်းမရွှင်တစ်ယောက်တည်းကိုပဲ ကာကွယ်ပေးခဲ့တယ်၊ ကျမ အဲမိန်းမရွှင်ကို သူမ ကြိုက်သလို လုပ်ခွင့် ဘယ်လိုလုပ် ပေးနိုင်ပါ့မလဲ၊ အရှင်မင်းကြီး, မောင်းမတော် ချန် သေသွားပြီ၊ စတုတ္ထမင်းသားလည်း သေသွားပြီ၊ အဲဒါတွေကို အရှင်ကိုယ်တိုင် လုပ်ခဲ့တာပဲ၊ အရှင်က မောင်းမတော် ချန် တစ်ယောက်တည်းကိုပဲ အထူးတလည် ချစ်မပြခဲ့ရင်, မိဖုရားကြီးဆိုတဲ့ ဂုဏ်သိက္ခာကို အရှင်က မနင်းခြေခဲ့ရင်, ကျမက ဒီလို အနေအထားမျိုး ဖြစ်သွားမှာတဲ့လား။

အရှက်မရှိတဲ့ အပျက်မ, နင်က အခုထိ မဟုတ်တာတွေ ပြောတုန်းလား ဘုရင်ကြီးက ဒေါသတကြီး ထရပ်၍ မိဖုရားကြီးကို တုန်တုန်ယင်ယင် လက်ညှိုးထိုးလျက် အသံကုန် အော်ငေါက်လိုက်သည်။

မိဖုရားကြီးက စိတ်လွတ်သွားပုံရပြီး ခွက်ထိုးခွက်လန် ရယ်လိုက်သည်။

မဟုတ်တာတွေ ပြောသတဲ့လား၊ အရှင်မင်းကြီး, ကိစ္စရပ်တွေက ဒီအထိ ဖြစ်လာမှတော့, အရှင့်အမျိုးသမီးက ဘာမှ ဖုံးမထားတော့ပါဘူး၊ ပြီးခဲ့တဲ့ ဆယ်နှစ်လုံးလုံး ဘယ်မောင်းမမှ ကိုယ်ဝန်မရတဲ့ အကြောင်းရင်းကို အရှင်မင်းကြီး သိရဲ့လား၊ ဒုတိယမင်းသားလည်း လက်ထပ်ပြီးတာ နှစ်တွေ ကြာနေတာတောင် မင်္ဂလာသတင်း ဘာလို့ မကြားရတာလဲ သိလား၊ အခု အရှင့်အမျိုးသမီးက အရှင် သိအောင် ပြောလိုက်ပါ့မယ်၊ အရှင်ကိုယ်တိုင်တင် မကဘူး, အရှင့်သားတွေပါ အကုန်လုံး သားသမီးရနိုင်တဲ့ အရည်အချင်း ကုန်ဆုံးသွားပြီ၊ အရှင်တို့အားလုံးကို အဆိပ်ခတ်ခဲ့တာ အရှင့်ရဲ့ ဒီအမျိုးသမီးပဲ၊ ကျမသားက လွဲလို့, ဘယ်သူမှ မီးတိုင်းပြည်ရဲ့ နန်းပလ္လင်ကို မဆက်ခံနိုင်တော့ဘူး မိဖုရားကြီးက အရူးအမူး ပြောလိုက်သည်။ သူမ တစ်ချိန်လုံး ဖုံးထားသမျှ သူမလုပ်ခဲ့သည့် အရာများကို ထုတ်ဖော်ပြောလိုက်သည်။

ဘုရင်ကြီး မျက်လုံးပြူးလျက် မိဖုရားကြီးအား မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

နင်, နင် ယုတ်မာလိုက်တဲ့ မိန်းမ, နင် နင့်သားကို အဲကတည်းက ကာကွယ်ဖို့ စဉ်းစားခဲ့တယ်, ဒါပေမဲ့ လေ့ချန်လည်း နင့်သားပဲ မဟုတ်ဘူးလား, ဒီတော့ ဘာဖြစ်လဲ, သူ့ခန္ဓာကိုယ်မှာ ငါ့သွေးတွေ စီးဆင်းနေတုန်းပဲ, လေ့ချန်က နင် ဒီလောက် ယုတ်မာပက်စက်တာကို ကိုယ်တိုင် တွေ့လိုက်ပြီ, နင့်လို အမေမျိုး ရှိနေတာ သူ ရှက်မှာပဲ ဘုရင်ကြီးက သောကများသွားသည်။ သူက လေ့ချန်ကို လှည့်ကြည့်လိုက်သည်။

ပါရမီရှင်သမားတော်(၂)Où les histoires vivent. Découvrez maintenant