၂၆၀။ "တောင်ထွတ် ၁၂လုံး - ၂"

1K 98 0
                                    

၂၆၀။ “တောင်ထွတ် ၁၂လုံး - ၂”

အဓိပတိနှင့် အကြီးအကဲများ ထွက်ပေါ်လာခြင်းကြောင့် လူငယ်များက စိတ်လှုပ်ရှားခြင်းအပြည့်ဖြင့် သူတို့ကိုယ်များကို ဖြောင့်ဖြောင့်ရောင့်ရောင့် မတ်ထားကြသည်။ သူတို့၏ သေးငယ်သည့် ခန္ဓာကိုယ်များကို ရှည်ထွက်လာအောင် ဆန့်ထုတ်ဖို့ ကြိုးစားကြသည်။ သူတို့ကို အဓိပတိနှင့် အကြီးအကဲများက ရဲရင့်သူများ, ခံ့ညားသူများလို့ အသိအမှတ်ပြုအောင် ကြိုးစားကြသည်။

တစ်ရာမျှလောက်သော လူငယ်များ၏ အစောပိုင်း စမ်းသပ်စစ်ဆေးချက်သုံးမျိုးက တကယ်တော့ စတင်ရုံသာ ရှိသည်။ သူတို့ထဲမှ မည်မျှလောက် ချင်းယန်ကလန်တွင် ကျန်ရစ်ခဲ့မလဲ မည်သူမျှ မသိပေ။

ချင်းယန်က လူငယ်များ၏ ရှေ့တွင် မတ်တပ်ရပ်နေသည်။ သူက မေးမော့ထားပြီး အလားအလာရှိသူများကို စစ်ဆေးသလို ကြည့်ရှုလိုက်သည်။ သူက ဘေးတွင် ရပ်နေသည့် တပည့်တစ်ယောက်ကို ခေါင်းညိတ်ပြသည်။ ထိုတပည့်က ရှေ့ထွက်လာပြီး နောက်ဆုံး ဝင်ခွင့်အတွက် စံသတ်မှတ်ချက်ကို ကြေငြာသည်။

“ချင်းယန်ကလန်ကို ဝင်ခွင့်ရဖို့ အတွက် အရည်အချင်းရှိဖို့ လိုတယ်၊ မင်းတို့တွေက သာမန်မဟုတ်တဲ့ အရည်အချင်း ရှိဖို့ လိုအပ်တယ်၊ ချင်းယန်ကလန်က လူတိုင်းကို လက်မခံဘူး၊ မင်းတို့က ရှေးဦး စစ်ဆေးခြင်း သုံးမျိုးကို အောင်မြင်ခဲ့တယ်၊ ဒါပေမဲ့ မင်းတို့ကို အသိအမှတ် မပြုသေးဘူး၊ မင်းတို့ရဲ့ နောက်လာမဲ့ စစ်ဆေးချက်မှာ မင်းတို့ကို ချင်းယန်ကလန်ထဲ ဝင်ခွင့် ရသင့် မရသင့် ဆုံးဖြတ်ကြလိမ့်မယ်.....”

အတိအကျဆိုလျှင်, နောက်ဆုံး စစ်ဆေးမှုမှာ စံသတ်မှတ်ချက် အတိအကျ မရှိပေ။ ချင်းယန်ကလန်က လူငယ်အယောက်တစ်ရာလုံးကို အကောင်းဆုံး ဆေးပညာအရည်အသွေးကို အဓိပတိနှင့် အကြီးအကဲများရှေ့တွင် ချပြစေချင်သည်။

၎င်းအရည်အသွေးက ဆေးကုသခြင်း, ဆေးလုံးဖော်စပ်ခြင်းများ ဖြစ်သည်။ အရည်အချင်း ပြည့်မှီသရွေ့ ချင်းယန်ကလန်သို့ ဝင်ခွင့်ရကြမှာ ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now