၈၆၆။ သားရဲမြို့တော်မှ ဧည့်သည်များ (၅)
အစိမ်းရောင်ဝိညာဉ်စွမ်းအားရှင်ဆိုတော့ရော ဘာဖြစ်လဲ၊ သူက ဘယ်သူလဲဆိုတာ ဘယ်သူ ဂရုစိုက်မှာမို့လိုလဲ၊ ငါတို့ သခင်မလေးကို နာကျင်အောင် လုပ်ရဲလို့ ထောင်ချီသားရဲမြို့တော်က သူ့ကို လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး ရှုံးဘက ဖွင့်ဟ ပြောလိုက်သည်။
ဂျန်းယင်းလောင်က လျှို့ဝှက်စွာ စိတ်သက်သာသွားပြီး ပြောသည် ဒါ အမှန်ပါဘဲ၊ အဲဂျန်ရှီက အဆုံးသတ် ကောင်းမှာ မဟုတ်တာ သေချာတယ်၊ ဒါပေမဲ့ အခု အရေးအကြီးဆုံးက ချူလင်းယွဲ့ရဲ့ ဒဏ်ရာကို အရင်ဆုံး ကုသဖို့ပဲ။
ရှုံးဘက ခေါင်းညိတ်လိုက်ပြီး အစောပိုင်း သမားတော်များနှင့် စကားစမြည် ပြောဆိုခဲ့သော နန်းတွင်းသမားတော်ကြီး လီကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။
ရန်တိုင်းပြည်ရဲ့ သမားတော်တွေက စွမ်းဆောင်ရည် မကောင်းကြဘူး၊ ငါတို့ သူတို့ဆီကနေ များများစားစား မျှော်လင့်မနေတော့ဘူး၊ ထောင်ချီသားရဲမြို့တော်က ဒီကိစ္စကို သူ့ကိုယ်ပိုင် သမားတော်နဲ့ ဖြေရှင်းလိုက်မယ်။ ထိုသို့ ပြောရင်း ရှုံးဘက တစ်ခေါင်းလုံး ဖြူဖွေးနေသော လူအိုကြီးသို့ လှည့်ကြည့်ကာ တလေးတစား ပြောလိုက်သည် ကျနော်တို့ရဲ့ သခင်မလေးကို ကယ်တင်ဖို့ ဆရာကြီး ဖန်ကို တောင်းဆိုပါတယ်ခင်ဗျာ။
အဖိုးအိုက ခေါင်းညိတ်ပြသည်။ ဒါက ဒီအားနည်းချည့်နဲ့တဲ့ အဖိုးကြီး ကနေ့ ဒီကို လာရတဲ့ ရည်ရွယ်ချက်ပါဘဲ၊ ငါ ကုသပေးနိုင်မှာမို့ ခန်းမသခင် ရှုံး စိတ်ချလက်ချ နေပါ။
နန်းတွင်းသမားတော်ကြီး လီက အဖိုးအိုကို စူးစိုက်ကြည့်လိုက်သည်။ သူ့နှလုံးသားက တကျည်ကျည်တကျာကျာ သံသယဖြင့် ပြည့်နှက်နေသည်။ ရှုံးဘက အဖိုးအိုကို ဆရာကြီးဖန်ဟူ၍ ခေါ်လိုက်ချိန်မှာ နန်းတွင်းသမားတော်ကြီး လီ၏ ပြန်လည် ခြေပချင်သော စကားများကို လျှာဖျားမှာတင် ပြန်လည် သိမ်းဆည်းလိုက်ရတော့သည်။
လက်ရှိ တကမ္ဘာလုံးတွင် နေရာအနှံ့ ပျံ့ကျဲနေသည့် အလွန်နာမည်ကျော်ကြားသော ဆေးပညာရှင်များက လက်တစ်ဆုပ်စာသာ ရှိသည်။ ချင်းယန်ကလန်ကတော့ ပျောက်ရှသွားပြီမို့ ထည့်တွက်စရာ မလိုတော့ပေ။ ထိုသမားတော်များက သူတို့၏ ဘဝကို သူတော်စင်များလို နှစ်ပေါင်းများစွာ တောတောင်နက်နက်များတွင် နေထိုင်ကြသည်။ လူများရှေ့သို့ ပေါ်ထွက်လာဖို့ ခက်ခဲကြသည်။